5. ဒါဝိဒ်က``အကျွန်ုပ်၏ငယ်သားတို့သည်ကာမ ရာဂစပ်ယှက်မှုနှင့်ကင်းလွတ်ကြပါ၏။ သူတို့ သည်သာမန်ကိစ္စနှင့်ခရီးထွက်သည့်အခါ၌ ပင်လျှင် ဘာသာရေးကျင့်ဝတ်အရသန့်စင်မှု ရှိအောင်နေထိုင်ကြသည်ဖြစ်၍ ယခုကဲ့သို့ အထူးကိစ္စနှင့်ခရီးထွက်ချိန်၌ပို၍သန့် စင်အောင်နေကြပါသည်'' ဟုပြော၏။
6. ထို့ကြောင့်ယဇ်ပုရောဟိတ်သည်မိမိထံ တွင်အခြားမုန့်လည်းမရှိသဖြင့် ထာဝရ ဘုရားအားပူဇော်ထားသည့်ရှေ့တော်မုန့် ကိုဒါဝိဒ်အားပေးလေသည်။ ထိုမုန့်ဟောင်း ကိုမုန့်သစ်ဖြင့်အစားထိုးပူဇော်ရန်ဖြစ် သည်။
7. (ရှောလု၏သိုးထိန်းမှူးဖြစ်သူဧဒုံပြည် သားဒေါဂသည် ထိုနေ့၌ဘာသာရေးကျင့် ဝတ်အရသန့်စင်မှုမင်္ဂလာပြုရန်အတွက် ထိုအရပ်သို့ရောက်ရှိနေခိုက်ဖြစ်သတည်း။)
8. ဒါဝိဒ်ကအဟိမလက်အား``ကိုယ်တော်ထံ တွင်လှံသော်လည်းကောင်း၊ ဋ္ဌားသော်လည်း ကောင်းရှိပါသလော။ ဘုရင်အမိန့်တော်ကြောင့် အကျွန်ုပ်သည်အလျင်စလိုထွက်ခွာလာခဲ့ ရသဖြင့် ဋ္ဌားလက်နက်တစ်စုံတစ်ရာကိုမျှ ယူဆောင်ရန်အချိန်မရပါ'' ဟုဆိုလျှင်၊
9. အဟိမလက်က``ငါ့မှာဧလာချိုင့်ဝှမ်းတွင် သတ်ဖြတ်ခဲ့သည့်ဖိလိတ္တိအမျိုးသားဂေါ လျတ်၏ဋ္ဌားရှိပါ၏။ ထိုဋ္ဌားကိုပဋိညာဉ် သေတ္တာတော်၏နောက်တွင်အဝတ်နှင့်ပတ်၍ ထားပါ၏။ သင်အလိုရှိလျှင်ယူပါလေ။ ဤအရပ်တွင်အခြားလက်နက်မရှိပါ'' ဟုပြန်ပြော၏။ထိုအခါဒါဝိဒ်က``ထိုဋ္ဌားထက်ကောင်း သည့်ဋ္ဌားအဘယ်မှာမျှမရှိပါ။ ယင်းကို အကျွန်ုပ်အားပေးပါလော့'' ဟုဆို၏။