၁ ရာ 21:1-9 Common Language Bible (BCL)

1. ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဟိ​မ​လက်​ရှိ ရာ နော​ဗ​မြို့​သို့​သွား​၏။ အ​ဟိ​မ​လက်​သည် ကြောက်​လန့်​တုန်​လှုပ်​လျက် ဒါ​ဝိဒ်​အား​လာ ရောက်​တွေ့​ဆုံ​ပြီး​လျှင်``သင်​သည်​အ​ဘယ် ကြောင့်​တစ်​ကိုယ်​တည်း​ဤ​အ​ရပ်​သို့​လာ ပါ​သ​နည်း'' ဟု​မေး​၏။

2. ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​ဘု​ရင့်​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန်​ရောက်​ရှိ​လာ​ခြင်း​ဖြစ်​ပါ​သည်။ မင်း​ကြီး​က မိ​မိ​စေ​ခိုင်း​သည့်​အ​မှု​ကိစ္စ​ကို အ​ဘယ်​သူ့​အား​မျှ​မ​ပြော​ရန်​မှာ​ကြား လိုက်​ပါ​သည်။-

3. ယ​ခု​ကိုယ်​တော်​၏​ထံ​တွင်​ရိက္ခာ​မည်​မျှ​ရှိ ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​မုန့်​ငါး​လုံး​သို့ မ​ဟုတ်​ကိုယ်​တော့်​ထံ​၌​ရှိ​သော​အ​စား အ​စာ​တစ်​စုံ​တစ်​ခု​ကို​ပေး​ပါ'' ဟု​တောင်း​၏။

4. ယဇ်​ပု​ရော​ဟိတ်​က``ငါ​၏​ထံ​တွင်​မုန့်​ရိုး​ရိုး မ​ရှိ။ ရှေ့​တော်​မုန့်​သာ​လျှင်​ရှိ​၏။ သင့်​ငယ် သား​တို့​သည်​မ​ကြာ​သေး​မီ​အ​ခါ​က ကာ​မ​ရာ​ဂ​စပ်​ယှက်​မှု​မ​ပြု​ခဲ့​ကြ​ပါ​မူ သင်​သည်​ထို​မုန့်​ကို​ယူ​နိုင်​ခွင့်​ရှိ​ပါ​၏'' ဟု​ဆို​၏။

5. ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​ငယ်​သား​တို့​သည်​ကာ​မ ရာ​ဂ​စပ်​ယှက်​မှု​နှင့်​ကင်း​လွတ်​ကြ​ပါ​၏။ သူ​တို့ သည်​သာ​မန်​ကိစ္စ​နှင့်​ခ​ရီး​ထွက်​သည့်​အ​ခါ​၌ ပင်​လျှင် ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ​သန့်​စင်​မှု ရှိ​အောင်​နေ​ထိုင်​ကြ​သည်​ဖြစ်​၍ ယ​ခု​ကဲ့​သို့ အ​ထူး​ကိစ္စ​နှင့်​ခ​ရီး​ထွက်​ချိန်​၌​ပို​၍​သန့် စင်​အောင်​နေ​ကြ​ပါ​သည်'' ဟု​ပြော​၏။

6. ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​ထံ တွင်​အ​ခြား​မုန့်​လည်း​မ​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ထား​သည့်​ရှေ့​တော်​မုန့် ကို​ဒါ​ဝိဒ်​အား​ပေး​လေ​သည်။ ထို​မုန့်​ဟောင်း ကို​မုန့်​သစ်​ဖြင့်​အ​စား​ထိုး​ပူ​ဇော်​ရန်​ဖြစ် သည်။

7. (ရှော​လု​၏​သိုး​ထိန်း​မှူး​ဖြစ်​သူ​ဧ​ဒုံ​ပြည် သား​ဒေါ​ဂ​သည် ထို​နေ့​၌​ဘာ​သာ​ရေး​ကျင့် ဝတ်​အ​ရ​သန့်​စင်​မှု​မင်္ဂ​လာ​ပြု​ရန်​အ​တွက် ထို​အ​ရပ်​သို့​ရောက်​ရှိ​နေ​ခိုက်​ဖြစ်​သ​တည်း။)

8. ဒါ​ဝိဒ်​က​အ​ဟိ​မ​လက်​အား``ကိုယ်​တော်​ထံ တွင်​လှံ​သော်​လည်း​ကောင်း၊ ဋ္ဌား​သော်​လည်း ကောင်း​ရှိ​ပါ​သ​လော။ ဘု​ရင်​အ​မိန့်​တော်​ကြောင့် အ​ကျွန်ုပ်​သည်​အ​လျင်​စ​လို​ထွက်​ခွာ​လာ​ခဲ့ ရ​သ​ဖြင့် ဋ္ဌား​လက်​နက်​တစ်​စုံ​တစ်​ရာ​ကို​မျှ ယူ​ဆောင်​ရန်​အချိန်​မ​ရ​ပါ'' ဟု​ဆို​လျှင်၊

9. အ​ဟိ​မ​လက်​က``ငါ့​မှာ​ဧ​လာ​ချိုင့်​ဝှမ်း​တွင် သတ်​ဖြတ်​ခဲ့​သည့်​ဖိ​လိတ္တိ​အ​မျိုး​သား​ဂေါ လျတ်​၏​ဋ္ဌား​ရှိ​ပါ​၏။ ထို​ဋ္ဌား​ကို​ပ​ဋိ​ညာဉ် သေတ္တာ​တော်​၏​နောက်​တွင်​အ​ဝတ်​နှင့်​ပတ်​၍ ထား​ပါ​၏။ သင်​အ​လို​ရှိ​လျှင်​ယူ​ပါ​လေ။ ဤ​အ​ရပ်​တွင်​အ​ခြား​လက်​နက်​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။ထို​အ​ခါ​ဒါ​ဝိဒ်​က``ထို​ဋ္ဌား​ထက်​ကောင်း သည့်​ဋ္ဌား​အ​ဘယ်​မှာ​မျှ​မ​ရှိ​ပါ။ ယင်း​ကို အ​ကျွန်ုပ်​အား​ပေး​ပါ​လော့'' ဟု​ဆို​၏။

၁ ရာ 21