၁ ရာ 20:5-18 Common Language Bible (BCL)

5. ဒါ​ဝိဒ်​က``နက်​ဖြန်​နေ့​သည်​လ​ဆန်း​နေ့​ပွဲ တော်​ဖြစ်​၍​ကျွန်ုပ်​သည်​မင်း​ကြီး​နှင့်​အ​တူ စား​သောက်​သင့်​သည့်​အ​ချိန်​ဖြစ်​ပါ​၏။ သို့ ရာ​တွင်​သင်​ကန့်​ကွက်​ရန်​မ​ရှိ​ပါ​လျှင် ကျွန်ုပ် သည်​ကွင်း​ထဲ​သို့​သွား​၍​သန်​ဘက်​ခါ ည​နေ​အ​ထိ​ပုန်း​အောင်း​နေ​ပါ​မည်။-

6. အ​ကယ်​၍​စား​ပွဲ​တွင်​ကျွန်ုပ်​မ​ရှိ​ကြောင်း သင့်​ခ​မည်း​တော်​မြင်​သွား​ခဲ့​သော် ယ​ခု အ​ချိန်​သည်​ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့ နှစ်​ပတ်​လည်​ယဇ်​ပူ​ဇော်​ရာ​ကာ​လ​ဖြစ် သ​ဖြင့် သင့်​ထံ​တွင်​ကျွန်ုပ်​အ​ခွင့်​ပန်​သွား ကြောင်း​လျှောက်​ထား​ပေး​ပါ။-

7. အ​ကယ်​၍​မင်း​ကြီး​က`ကောင်း​ပြီ' ဟု​ဆို​ပါ က​ကျွန်ုပ်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​အမျက်​တော်​ထွက်​လျှင် မူ​ကား​မင်း​ကြီး​သည် ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် ပြု​ရန်​အ​ကြံ​ရှိ​ကြောင်း​သင်​သိ​ရှိ​နိုင်​ပါ လိမ့်​မည်။-

8. ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​ပါ။ သင်​နှင့်​ကျွန်ုပ်​ပြု ထား​ကြ​သည့်​သစ္စာ​က​တိ​ကို​လည်း​တည်​မြဲ စေ​ပါ။ သို့​ရာ​တွင်​အ​ကယ်​၍​ကျွန်ုပ်​မှာ​အပြစ် ရှိ​ခဲ့​သော် သင်​ကိုယ်​တိုင်​ပင်​ကျွန်ုပ်​အား​သတ် ပါ​လော့။ အ​ဘယ်​ကြောင့်​သင့်​ခ​မည်း​တော် လက်​သို့​အပ်​ပါ​တော့​မည်​နည်း'' ဟု​ဆို​၏။

9. ယော​န​သန်​က``ထို​သို့​မ​စဉ်း​စား​ပါ​နှင့်။ အ​ကယ်​၍​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန် စိတ်​ပိုင်း​ဖြတ် ထား​သည်​ကို​ကျွန်ုပ်​သိ​ပါ​မူ​သင့်​ကို မ​ပြော​ဘဲ​နေ​မည်​လော'' ဟု​ဆို​၏။

10. ထို​အ​ခါ​ဒါ​ဝိဒ်​က``အ​ကယ်​၍​သင်​၏ ခ​မည်း​တော်​သည်​သင့်​အား​အ​မျက်​ထွက်​၍ ပြန်​လည်​ဖြေ​ကြား​ပါ​က ကျွန်ုပ်​အား​အ​ဘယ် သူ​လာ​၍​အ​သိ​ပေး​ပါ​မည်​နည်း'' ဟု​မေး ၏။

11. ယော​န​သန်​က``ကွင်း​ထဲ​သို့​ငါ​တို့​သွား​ကြ စို့'' ဟု​ဆို​ပြီး​လျှင်​သူ​တို့​နှစ်​ယောက်​သွား ကြ​၏။-

12. ထို​နောက်​ယော​န​သန်​သည်​ဒါ​ဝိဒ်​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ကျွန်ုပ်​က​တိ​ပြု ပါ​၏။ ကျွန်ုပ်​သည်​နက်​ဖြန်​ခါ​နှင့်​သန်​ဘက်​ခါ ဤ​အ​ချိန်​တွင်​ခ​မည်း​တော်​အား​စုံ​စမ်း​မေး မြန်း​ပါ​မည်။ သင့်​အ​ပေါ်​တွင်​သူ​၏​စိတ်​နေ စိတ်​ထား​ကောင်း​မွန်​ပါ​က သင့်​ထံ​သို့ အ​ကြောင်း​ကြား​ပါ​မည်။-

13. သူ​သည်​သင့်​ကို​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် ပါ​မူ ကျွန်ုပ်​သည်​သင့်​အား​ဘေး​လွတ်​လုံ​ခြုံ​ရာ သို့​ထွက်​ခွာ​သွား​နိုင်​ရန်​အ​ကြောင်း​မ​ကြား​ဘဲ နေ​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​၏​ခ​မည်း​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-

14. သင်​သည်​ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ​၌​မိ​မိ ကျိန်​ဆို​က​တိ​ပြု​ခဲ့​သည်​အ​တိုင်း ကျွန်ုပ်​အား သစ္စာ​စောင့်​ရ​မည်​သာ​မ​က၊ ကျွန်ုပ်​သေ​ဆုံး​ပြီး နောက်၊-

15. သင်​၏​ရန်​သူ​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သော​အ​ခါ​၌ လည်း ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့​အ​ပေါ် တွင်​အ​စဉ်​အ​မြဲ​သစ္စာ​စောင့်​ပါ​လော့။-

16. ကျွန်ုပ်​တို့​နှစ်​ဦး​ထား​ရှိ​ကြ​သည့်​က​တိ သစ္စာ​မ​ပျက်​မ​ပြယ်​တည်​မြဲ​ပါ​စေ​သ​တည်း။ အ​ကယ်​၍​ထို​ကတိ​သစ္စာ​ကို​ဖျက်​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​ပါ​စေ​သော''ဟု​ဆို​၏။

17. ယော​န​သန်​သည်​ဒါ​ဝိဒ်​အား​ကိုယ်​နှင့်​အ​မျှ ချစ်​သ​ဖြင့် မိ​မိ​ကို​လည်း​ချစ်​ရန်​က​တိ​ပြု စေ​၏။-

18. ထို​နောက်​ယော​န​သန်​က``နက်​ဖြန်​နေ့​သည် လ​ဆန်း​ပွဲ​တော်​အ​ခါ​ဖြစ်​သ​ဖြင့် ပွဲ​တော် သို့​သင်​မ​တက်​ရောက်​ပါ​မူ သင်​၏​နေ​ရာ လစ်​လပ်​လျက်​နေ​သည်​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။-

၁ ရာ 20