၁ ရာ 20:34-41 Common Language Bible (BCL)

34. သူ​သည်​ဒေါ​သ​ဖြစ်​လျက်​စား​ပွဲ​မှ​ထ​သွား ပြီး​လျှင် လ​ဆန်း​ပွဲ​တော်​ဒု​တိ​ယ​နေ့​တစ်​နေ့ လုံး​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ဘဲ နေ​၏။ သူ​သည်​ဒါ​ဝိဒ်​အား​ရှော​လု​အ​သ​ရေ ဖျက်​သည့်​အ​တွက်​များ​စွာ​စိတ်​မ​ချမ်း မ​သာ​ဖြစ်​၏။-

35. နောက်​တစ်​နေ့​နံ​နက်​၌​ယော​န​သန်​သည်​ယ​ခင် က​ချိန်း​ဆို​ထား​သည့်​အ​တိုင်း ဒါ​ဝိဒ်​နှင့်​တွေ့​ဆုံ ရန်​ကွင်း​ထဲ​သို့​သွား​၏။ မိ​မိ​နှင့်​အ​တူ​သူ​ငယ် တစ်​ယောက်​ကို​လည်း​ခေါ်​ဆောင်​သွား​ကာ၊-

36. ထို​သူ​ငယ်​အား``ယ​ခု​ပင်​ငါ​ပစ်​လွှတ်​လိုက်​မည့် မြား​ကို​ပြေး​၍​ရှာ​လော့'' ဟု​ဆို​၏။ ထို​သူ​ငယ် ပြေး​လေ​လျှင်​ယော​န​သန်​သည်​သူ့​ကို​လွန် အောင်​မြား​တစ်​စင်း​ကို​ပစ်​လွှတ်​၏။-

37. မြား​ကျ​ရာ​သို့​သူ​ငယ်​ရောက်​သော​အ​ခါ ယော​န​သန်​က``မြား​သည်​ဟို​ဘက်​မှာ​ရှိ​သည်။-

38. ရပ်​၍​မ​နေ​နှင့်။ မြန်​မြန်​ပြေး​၍​ကောက်​လော့'' ဟု​ဟစ်​အော်​လိုက်​၏။ သူ​ငယ်​သည်​မြား​ကို ကောက်​ပြီး​လျှင် မိ​မိ​သ​ခင်​ရှိ​ရာ​သို့​ပြန် လာ​လေ​သည်။-

39. သူ​သည်​ထို​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို မ​သိ။ ယော​န​သန်​နှင့်​ဒါ​ဝိဒ်​တို့​သာ​လျှင် သိ​ကြ​၏။-

40. ယော​န​သန်​သည်​မိ​မိ​၏​လေး​နှင့်​မြား​တို့​ကို သူ​ငယ်​အား​ပေး​၍​မြို့​သို့​ပြန်​ယူ​သွား​စေ​၏။

41. သူ​ငယ်​ထွက်​သွား​သော​အ​ခါ ဒါ​ဝိဒ်​သည် ကျောက်​ပုံ နောက်​မှ​ထွက်​လာ​ပြီး​လျှင်​ဒူး​ထောက်​၍ ယော န​သန်​အား​သုံး​ကြိမ်​တိုင်​တိုင်​ပျပ်​ဝပ်​ဦး ညွှတ်​၏။ ထို​နောက်​သူ​တို့​သည်​အ​ချင်း​ချင်း ဖက်​နမ်း​ငို​ကြွေး​ကြ​၏။ ဒါ​ဝိဒ်​၏​ကြေ​ကွဲ မှု​သည် ယော​န​သန်​၏​ကြေ​ကွဲ​မှု​ထက်​ပင် ပို​မို​ပြင်း​ထန်​လေ​သည်။-

၁ ရာ 20