22. အကယ်၍ကျွန်ုပ်က`မြားတို့သည်ဟိုဘက်မှာ တွင်ရှိသည်၊ သွား၍ယူချေ' ဟုဆိုလျှင်မူကား ထာဝရဘုရားသည် သင့်အားထွက်ခွာသွား စေတော်မူပြီဖြစ်၍သင်သည်ထွက်ခွာသွား ပါလော့။-
23. ကျွန်ုပ်တို့နှစ်ဦးအချင်းချင်းပြုခဲ့ကြသည့် ကတိသစ္စာကို ထာဝစဉ်မပျက်မကွက်စောင့် ထိန်းနိုင်ကြစေရန်ထာဝရဘုရားသည် စီမံတော်မူပါလိမ့်မည်'' ဟုဆို၏။
24. ထို့ကြောင့်ဒါဝိဒ်သည်ကွင်းထဲတွင်ပုန်းအောင်း လျက်နေ၏။ လဆန်းပွဲတော်နေ့၌ရှောလု မင်းသည်စားတော်ခေါ်ရန်ကြွလာတော် မူ၍၊-
25. နံရံအနီးမိမိထိုင်နေကျနေရာတွင်ထိုင် တော်မူ၏။ အာဗနာသည်မင်းကြီး၏နံဘေး တွင်လည်းကောင်း၊ ယောနသန်သည်မင်းကြီး ၏ရှေ့တွင်လည်းကောင်းထိုင်၏။ ဒါဝိဒ်၏ နေရာမူကားလပ်၍နေ၏။-
26. သို့သော်ထိုနေ့၌မင်းကြီးသည်အဘယ်သို့ မျှမိန့်မြွက်တော်မမူ။ အကြောင်းတစ်ခုခု ကြောင့်ဒါဝိဒ်သည်ဘာသာရေးကျင့်ဝတ်အရ သန့်စင်မှုမရှိသဖြင့် မလာမရောက်ခြင်း သာဖြစ်မည်ဟုမှတ်ယူတော်မူ၏။-
27. လဆန်းပွဲတော်နေ့အလွန်နောက်တစ်နေ့၌ လည်းဒါဝိဒ်၏နေရာသည်လပ်လျက်ပင်ရှိ သောကြောင့် ရှောလုကယောနသန်အား``အဘယ် ကြောင့်ဒါဝိဒ်သည်ဤစားပွဲတော်သို့ယမန် နေ့ကမလာ၊ ယနေ့လည်းမလာသနည်း'' ဟုမေးတော်မူ၏။