21. ထိုနောက်ကျွန်ုပ်၏အစေခံအားမြားတို့ ကိုသွား၍ရှာစေမည်။ ကျွန်ုပ်သည်သူ့အား`မြား တို့သည်ဤဘက်မှာရှိသည်၊ သွား၍ယူချေ' ဟု ဆိုလျှင်သင့်မှာဘေးအန္တရာယ်မရှိတော့သဖြင့် ထွက်၍လာနိုင်ပြီဟုဆိုလိုကြောင်းသိမှတ် ပါလော့။-
22. အကယ်၍ကျွန်ုပ်က`မြားတို့သည်ဟိုဘက်မှာ တွင်ရှိသည်၊ သွား၍ယူချေ' ဟုဆိုလျှင်မူကား ထာဝရဘုရားသည် သင့်အားထွက်ခွာသွား စေတော်မူပြီဖြစ်၍သင်သည်ထွက်ခွာသွား ပါလော့။-
23. ကျွန်ုပ်တို့နှစ်ဦးအချင်းချင်းပြုခဲ့ကြသည့် ကတိသစ္စာကို ထာဝစဉ်မပျက်မကွက်စောင့် ထိန်းနိုင်ကြစေရန်ထာဝရဘုရားသည် စီမံတော်မူပါလိမ့်မည်'' ဟုဆို၏။
24. ထို့ကြောင့်ဒါဝိဒ်သည်ကွင်းထဲတွင်ပုန်းအောင်း လျက်နေ၏။ လဆန်းပွဲတော်နေ့၌ရှောလု မင်းသည်စားတော်ခေါ်ရန်ကြွလာတော် မူ၍၊-
25. နံရံအနီးမိမိထိုင်နေကျနေရာတွင်ထိုင် တော်မူ၏။ အာဗနာသည်မင်းကြီး၏နံဘေး တွင်လည်းကောင်း၊ ယောနသန်သည်မင်းကြီး ၏ရှေ့တွင်လည်းကောင်းထိုင်၏။ ဒါဝိဒ်၏ နေရာမူကားလပ်၍နေ၏။-
26. သို့သော်ထိုနေ့၌မင်းကြီးသည်အဘယ်သို့ မျှမိန့်မြွက်တော်မမူ။ အကြောင်းတစ်ခုခု ကြောင့်ဒါဝိဒ်သည်ဘာသာရေးကျင့်ဝတ်အရ သန့်စင်မှုမရှိသဖြင့် မလာမရောက်ခြင်း သာဖြစ်မည်ဟုမှတ်ယူတော်မူ၏။-
27. လဆန်းပွဲတော်နေ့အလွန်နောက်တစ်နေ့၌ လည်းဒါဝိဒ်၏နေရာသည်လပ်လျက်ပင်ရှိ သောကြောင့် ရှောလုကယောနသန်အား``အဘယ် ကြောင့်ဒါဝိဒ်သည်ဤစားပွဲတော်သို့ယမန် နေ့ကမလာ၊ ယနေ့လည်းမလာသနည်း'' ဟုမေးတော်မူ၏။
28. ယောနသန်က``ဒါဝိဒ်သည်ကျွန်ုပ်ထံတွင် ခွင့်ပန်၍ ဗက်လင်မြို့သို့သွားပါသည်။ သူ က`အကျွန်ုပ်တို့အားကျေးဇူးပြု၍သွား ခွင့်ပြုပါ။-
29. ထိုမြို့တွင်အကျွန်ုပ်၏ဆွေမျိုးသားချင်း တို့သည်ယဇ်ပူဇော်ပွဲကျင်းပလျက်နေကြ သဖြင့် အစ်ကိုကလည်းအကျွန်ုပ်အားလာ ရမည်ဟုဆိုပါသည်။ သင်သည်အကျွန်ုပ်ကို ခင်မင်ပါကအကျွန်ုပ်အားညီအစ်ကိုတို့ ကိုတွေ့ရန်သွားခွင့်ပြုပါဟုပန်ကြားပါ၏။ ထို့ကြောင့်သူသည်အရှင်၏စားပွဲတော် တွင်မရှိခြင်းဖြစ်ပါသည်'' ဟုပြန်ကြား လျှောက်ထား၏။
30. ရှောလုသည်ယောနသန်အားပြင်းစွာအမျက် ထွက်သဖြင့်``တရားမဝင်သောသား၊ သင်သည် ဒါဝိဒ်ဘက်သားဖြစ်ကြောင်းယခုငါသိပြီ။ သင်သည်ကိုယ့်ကိုယ်ကိုလည်းကောင်း၊ ကိုယ့် မိခင်ကိုလည်းကောင်းအသရေယုတ်စေ လေပြီတကား။-
31. ဒါဝိဒ်အသက်ရှင်နေသမျှကာလပတ်လုံး သင်သည်ဤတိုင်းပြည်တွင်အဘယ်အခါ၌ မျှဘုရင်မဖြစ်နိုင်သည်ကိုမသိပါသလော။ ယခုပင်သွား၍သူ့ကိုခေါ်ခဲ့လော့။ သူသည် မုချသေဒဏ်ခံရမည်'' ဟုမိန့်တော်မူ၏။
32. ယောနသန်က``အဘယ်ကြောင့်သေဒဏ်ခံ ရပါမည်နည်း။ သူသည်အဘယ်အမှုကို ပြုမိပါသနည်း'' ဟုလျှောက်လျှင်၊