၁ ရာ 20:18-27 Common Language Bible (BCL)

18. ထို​နောက်​ယော​န​သန်​က``နက်​ဖြန်​နေ့​သည် လ​ဆန်း​ပွဲ​တော်​အ​ခါ​ဖြစ်​သ​ဖြင့် ပွဲ​တော် သို့​သင်​မ​တက်​ရောက်​ပါ​မူ သင်​၏​နေ​ရာ လစ်​လပ်​လျက်​နေ​သည်​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။-

19. သန်​ဘက်​ခါ​၌​လည်း​ယင်း​သို့​ပင်​သင်​မ​ရှိ ကြောင်း​တွေ့​ရှိ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ယခင်​က သင်​ပုန်း​အောင်း​နေ​ခဲ့​ဖူး​သည့်​အ​ရပ်​သို့​သွား ၍​ကျောက်​ပုံ နောက်​တွင်​ပုန်း​ကွယ်​လျက်​နေ​လော့။-

20. ထို​အ​ခါ​ကျွန်ုပ်​၏​သည်​ကျောက်​ပုံ​ကို​ပစ် မှတ်​သ​ဖွယ်​ပြု​၍ မြား​သုံး​စင်း​ပစ်​လွှတ် လိုက်​မည်။-

21. ထို​နောက်​ကျွန်ုပ်​၏​အ​စေ​ခံ​အား​မြား​တို့ ကို​သွား​၍​ရှာ​စေ​မည်။ ကျွန်ုပ်​သည်​သူ့​အား`မြား တို့​သည်​ဤ​ဘက်​မှာ​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု ဆို​လျှင်​သင့်​မှာ​ဘေး​အန္တ​ရာယ်​မ​ရှိ​တော့​သ​ဖြင့် ထွက်​၍​လာ​နိုင်​ပြီ​ဟု​ဆို​လို​ကြောင်း​သိ​မှတ် ပါ​လော့။-

22. အကယ်​၍​ကျွန်ုပ်​က`မြား​တို့​သည်​ဟို​ဘက်​မှာ တွင်​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု​ဆို​လျှင်​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထွက်​ခွာ​သွား စေ​တော်​မူ​ပြီ​ဖြစ်​၍​သင်​သည်​ထွက်​ခွာ​သွား ပါ​လော့။-

23. ကျွန်ုပ်​တို့​နှစ်​ဦး​အ​ချင်း​ချင်း​ပြု​ခဲ့​ကြ​သည့် က​တိ​သစ္စာ​ကို ထာ​ဝ​စဉ်​မ​ပျက်​မ​ကွက်​စောင့် ထိန်း​နိုင်​ကြ​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် စီ​မံ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။

24. ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ကွင်း​ထဲ​တွင်​ပုန်း​အောင်း လျက်​နေ​၏။ လ​ဆန်း​ပွဲ​တော်​နေ့​၌​ရှော​လု မင်း​သည်​စား​တော်​ခေါ်​ရန်​ကြွ​လာ​တော် မူ​၍၊-

25. နံ​ရံ​အ​နီး​မိ​မိ​ထိုင်​နေ​ကျ​နေ​ရာ​တွင်​ထိုင် တော်​မူ​၏။ အာ​ဗ​နာ​သည်​မင်း​ကြီး​၏​နံ​ဘေး တွင်​လည်း​ကောင်း၊ ယော​န​သန်​သည်​မင်း​ကြီး ၏​ရှေ့​တွင်​လည်း​ကောင်း​ထိုင်​၏။ ဒါ​ဝိဒ်​၏ နေ​ရာ​မူ​ကား​လပ်​၍​နေ​၏။-

26. သို့​သော်​ထို​နေ့​၌​မင်း​ကြီး​သည်​အ​ဘယ်​သို့ မျှ​မိန့်​မြွက်​တော်​မ​မူ။ အ​ကြောင်း​တစ်​ခု​ခု ကြောင့်​ဒါ​ဝိဒ်​သည်​ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ သန့်​စင်​မှု​မ​ရှိ​သ​ဖြင့် မ​လာ​မ​ရောက်​ခြင်း သာ​ဖြစ်​မည်​ဟု​မှတ်​ယူ​တော်​မူ​၏။-

27. လ​ဆန်း​ပွဲ​တော်​နေ့​အ​လွန်​နောက်​တစ်​နေ့​၌ လည်း​ဒါ​ဝိဒ်​၏​နေ​ရာ​သည်​လပ်​လျက်​ပင်​ရှိ သော​ကြောင့် ရှော​လု​က​ယော​န​သန်​အား``အ​ဘယ် ကြောင့်​ဒါ​ဝိဒ်​သည်​ဤ​စား​ပွဲ​တော်​သို့​ယ​မန် နေ့​က​မ​လာ၊ ယ​နေ့​လည်း​မ​လာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

၁ ရာ 20