၁ ရာ 20:10-24 Common Language Bible (BCL)

10. ထို​အ​ခါ​ဒါ​ဝိဒ်​က``အ​ကယ်​၍​သင်​၏ ခ​မည်း​တော်​သည်​သင့်​အား​အ​မျက်​ထွက်​၍ ပြန်​လည်​ဖြေ​ကြား​ပါ​က ကျွန်ုပ်​အား​အ​ဘယ် သူ​လာ​၍​အ​သိ​ပေး​ပါ​မည်​နည်း'' ဟု​မေး ၏။

11. ယော​န​သန်​က``ကွင်း​ထဲ​သို့​ငါ​တို့​သွား​ကြ စို့'' ဟု​ဆို​ပြီး​လျှင်​သူ​တို့​နှစ်​ယောက်​သွား ကြ​၏။-

12. ထို​နောက်​ယော​န​သန်​သည်​ဒါ​ဝိဒ်​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ကျွန်ုပ်​က​တိ​ပြု ပါ​၏။ ကျွန်ုပ်​သည်​နက်​ဖြန်​ခါ​နှင့်​သန်​ဘက်​ခါ ဤ​အ​ချိန်​တွင်​ခ​မည်း​တော်​အား​စုံ​စမ်း​မေး မြန်း​ပါ​မည်။ သင့်​အ​ပေါ်​တွင်​သူ​၏​စိတ်​နေ စိတ်​ထား​ကောင်း​မွန်​ပါ​က သင့်​ထံ​သို့ အ​ကြောင်း​ကြား​ပါ​မည်။-

13. သူ​သည်​သင့်​ကို​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် ပါ​မူ ကျွန်ုပ်​သည်​သင့်​အား​ဘေး​လွတ်​လုံ​ခြုံ​ရာ သို့​ထွက်​ခွာ​သွား​နိုင်​ရန်​အ​ကြောင်း​မ​ကြား​ဘဲ နေ​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​၏​ခ​မည်း​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-

14. သင်​သည်​ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ​၌​မိ​မိ ကျိန်​ဆို​က​တိ​ပြု​ခဲ့​သည်​အ​တိုင်း ကျွန်ုပ်​အား သစ္စာ​စောင့်​ရ​မည်​သာ​မ​က၊ ကျွန်ုပ်​သေ​ဆုံး​ပြီး နောက်၊-

15. သင်​၏​ရန်​သူ​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သော​အ​ခါ​၌ လည်း ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့​အ​ပေါ် တွင်​အ​စဉ်​အ​မြဲ​သစ္စာ​စောင့်​ပါ​လော့။-

16. ကျွန်ုပ်​တို့​နှစ်​ဦး​ထား​ရှိ​ကြ​သည့်​က​တိ သစ္စာ​မ​ပျက်​မ​ပြယ်​တည်​မြဲ​ပါ​စေ​သ​တည်း။ အ​ကယ်​၍​ထို​ကတိ​သစ္စာ​ကို​ဖျက်​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​ပါ​စေ​သော''ဟု​ဆို​၏။

17. ယော​န​သန်​သည်​ဒါ​ဝိဒ်​အား​ကိုယ်​နှင့်​အ​မျှ ချစ်​သ​ဖြင့် မိ​မိ​ကို​လည်း​ချစ်​ရန်​က​တိ​ပြု စေ​၏။-

18. ထို​နောက်​ယော​န​သန်​က``နက်​ဖြန်​နေ့​သည် လ​ဆန်း​ပွဲ​တော်​အ​ခါ​ဖြစ်​သ​ဖြင့် ပွဲ​တော် သို့​သင်​မ​တက်​ရောက်​ပါ​မူ သင်​၏​နေ​ရာ လစ်​လပ်​လျက်​နေ​သည်​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။-

19. သန်​ဘက်​ခါ​၌​လည်း​ယင်း​သို့​ပင်​သင်​မ​ရှိ ကြောင်း​တွေ့​ရှိ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ယခင်​က သင်​ပုန်း​အောင်း​နေ​ခဲ့​ဖူး​သည့်​အ​ရပ်​သို့​သွား ၍​ကျောက်​ပုံ နောက်​တွင်​ပုန်း​ကွယ်​လျက်​နေ​လော့။-

20. ထို​အ​ခါ​ကျွန်ုပ်​၏​သည်​ကျောက်​ပုံ​ကို​ပစ် မှတ်​သ​ဖွယ်​ပြု​၍ မြား​သုံး​စင်း​ပစ်​လွှတ် လိုက်​မည်။-

21. ထို​နောက်​ကျွန်ုပ်​၏​အ​စေ​ခံ​အား​မြား​တို့ ကို​သွား​၍​ရှာ​စေ​မည်။ ကျွန်ုပ်​သည်​သူ့​အား`မြား တို့​သည်​ဤ​ဘက်​မှာ​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု ဆို​လျှင်​သင့်​မှာ​ဘေး​အန္တ​ရာယ်​မ​ရှိ​တော့​သ​ဖြင့် ထွက်​၍​လာ​နိုင်​ပြီ​ဟု​ဆို​လို​ကြောင်း​သိ​မှတ် ပါ​လော့။-

22. အကယ်​၍​ကျွန်ုပ်​က`မြား​တို့​သည်​ဟို​ဘက်​မှာ တွင်​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု​ဆို​လျှင်​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထွက်​ခွာ​သွား စေ​တော်​မူ​ပြီ​ဖြစ်​၍​သင်​သည်​ထွက်​ခွာ​သွား ပါ​လော့။-

23. ကျွန်ုပ်​တို့​နှစ်​ဦး​အ​ချင်း​ချင်း​ပြု​ခဲ့​ကြ​သည့် က​တိ​သစ္စာ​ကို ထာ​ဝ​စဉ်​မ​ပျက်​မ​ကွက်​စောင့် ထိန်း​နိုင်​ကြ​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် စီ​မံ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။

24. ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ကွင်း​ထဲ​တွင်​ပုန်း​အောင်း လျက်​နေ​၏။ လ​ဆန်း​ပွဲ​တော်​နေ့​၌​ရှော​လု မင်း​သည်​စား​တော်​ခေါ်​ရန်​ကြွ​လာ​တော် မူ​၍၊-

၁ ရာ 20