10. ထိုအခါဒါဝိဒ်က``အကယ်၍သင်၏ ခမည်းတော်သည်သင့်အားအမျက်ထွက်၍ ပြန်လည်ဖြေကြားပါက ကျွန်ုပ်အားအဘယ် သူလာ၍အသိပေးပါမည်နည်း'' ဟုမေး ၏။
11. ယောနသန်က``ကွင်းထဲသို့ငါတို့သွားကြ စို့'' ဟုဆိုပြီးလျှင်သူတို့နှစ်ယောက်သွား ကြ၏။-
12. ထိုနောက်ယောနသန်သည်ဒါဝိဒ်အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ကျွန်ုပ်ကတိပြု ပါ၏။ ကျွန်ုပ်သည်နက်ဖြန်ခါနှင့်သန်ဘက်ခါ ဤအချိန်တွင်ခမည်းတော်အားစုံစမ်းမေး မြန်းပါမည်။ သင့်အပေါ်တွင်သူ၏စိတ်နေ စိတ်ထားကောင်းမွန်ပါက သင့်ထံသို့ အကြောင်းကြားပါမည်။-
13. သူသည်သင့်ကိုဘေးအန္တရာယ်ပြုရန်ကြံစည် ပါမူ ကျွန်ုပ်သည်သင့်အားဘေးလွတ်လုံခြုံရာ သို့ထွက်ခွာသွားနိုင်ရန်အကြောင်းမကြားဘဲ နေခဲ့သော် ထာဝရဘုရားသည်ကျွန်ုပ်အား အဆုံးစီရင်တော်မူပါစေသော။ ထာဝရ ဘုရားသည်ကျွန်ုပ်၏ခမည်းတော်နှင့်အတူ ရှိတော်မူခဲ့သည်နည်းတူ သင်နှင့်အတူ ရှိတော်မူပါစေသော။-
14. သင်သည်ကျွန်ုပ်အသက်ရှင်စဉ်အခါ၌မိမိ ကျိန်ဆိုကတိပြုခဲ့သည်အတိုင်း ကျွန်ုပ်အား သစ္စာစောင့်ရမည်သာမက၊ ကျွန်ုပ်သေဆုံးပြီး နောက်၊-
15. သင်၏ရန်သူအပေါင်းကိုထာဝရဘုရား သုတ်သင်ပယ်ရှင်းတော်မူသောအခါ၌ လည်း ကျွန်ုပ်၏အိမ်ထောင်စုသားတို့အပေါ် တွင်အစဉ်အမြဲသစ္စာစောင့်ပါလော့။-
16. ကျွန်ုပ်တို့နှစ်ဦးထားရှိကြသည့်ကတိ သစ္စာမပျက်မပြယ်တည်မြဲပါစေသတည်း။ အကယ်၍ထိုကတိသစ္စာကိုဖျက်ခဲ့သော် ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ် စီရင်တော်မူပါစေသော''ဟုဆို၏။
17. ယောနသန်သည်ဒါဝိဒ်အားကိုယ်နှင့်အမျှ ချစ်သဖြင့် မိမိကိုလည်းချစ်ရန်ကတိပြု စေ၏။-
18. ထိုနောက်ယောနသန်က``နက်ဖြန်နေ့သည် လဆန်းပွဲတော်အခါဖြစ်သဖြင့် ပွဲတော် သို့သင်မတက်ရောက်ပါမူ သင်၏နေရာ လစ်လပ်လျက်နေသည်ကိုတွေ့ရှိကြလိမ့် မည်။-
19. သန်ဘက်ခါ၌လည်းယင်းသို့ပင်သင်မရှိ ကြောင်းတွေ့ရှိကြလိမ့်မည်။ သို့ဖြစ်၍ယခင်က သင်ပုန်းအောင်းနေခဲ့ဖူးသည့်အရပ်သို့သွား ၍ကျောက်ပုံ နောက်တွင်ပုန်းကွယ်လျက်နေလော့။-
20. ထိုအခါကျွန်ုပ်၏သည်ကျောက်ပုံကိုပစ် မှတ်သဖွယ်ပြု၍ မြားသုံးစင်းပစ်လွှတ် လိုက်မည်။-