34. သင်၏သားများဖြစ်ကြသောဟောဖနိနှင့် ဖိနဟတ်တို့သည်တစ်နေ့တည်း၌သေရကြ သောအခါ ငါပြောသမျှသောအမှုအရာ တို့သည်ဖြစ်ပျက်လာလိမ့်မည်ဖြစ်ကြောင်း သင်သိရှိရလိမ့်မည်။-
35. ငါ့အားသစ္စာစောင့်၍ငါပြုစေလိုသည့်အတိုင်း ပြုမည့်ယဇ်ပုရောဟိတ်တစ်ဦးကိုငါရွေးချယ် မည်။ သူ့အားသားမြေးများထွန်းကားစေမည်။ ထိုသူတို့သည်ငါဘိသိက်ပေးသည့်ဘုရင် ရှေ့မှောက်တွင်အစဉ်အမြဲအမှုထမ်းရကြ လိမ့်မည်။-
36. အသက်မသေဘဲကျန်ရစ်သည့်သင်၏သားမြေး မှန်သမျှသည် ထိုယဇ်ပုရောဟိတ်ထံသို့သွား ရောက်၍ ကြေးငွေနှင့်အစားအစာတို့ကိုအသ နားခံရကြလိမ့်မည်။ သူတို့သည်အစားအစာ ရရှိရေးအတွက် ယဇ်ပုရောဟိတ်များအမှု ဆောင်ရာ၌ပါဝင်ကူညီခွင့်ရရှိရန်တောင်း ပန်အသနားခံရကြလိမ့်မည်။