28. ငါသည်ဣသရေလသားချင်းစုရှိသမျှ တို့အနက် သူ၏အိမ်ထောင်စုကိုငါ၏ယဇ် ပလ္လင်ပေါ်မှာပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ၏အလိုတော်ကိုသိရှိရန် သင်တိုင်းကိုဝတ်ဆင်ခြင်းအမှုတို့ကိုဆောင် ရွက်ရန်အတွက် ငါ၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်ရွေးချယ်ခန့်ထားခဲ့၏။ ထို့ပြင် ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည့်ယဇ် ကောင်များမှဝေစုကိုရယူနိုင်ခွင့်ကို လည်း သူတို့အားငါပေးထား၏။-
29. သို့ဖြစ်၍သင်သည်ငါ၏အမိန့်အရဆက်သ သည့်ယဇ်နှင့်ပူဇော်သကာများကို အဘယ် ကြောင့်လောဘစိတ်နှင့်ကြည့်ဘိသနည်း။ ဧလိ၊ သင်သည်ငါ၏လူမျိုးတော်တင်လှူသည့်ယဇ် ကောင်ရှိသမျှမှအကောင်းဆုံးအပိုင်းတို့ ကို အဘယ်ကြောင့်သင်၏သားတို့အားဝစွာ စားခွင့်ပြုပါသနည်း။ အဘယ်ကြောင့်သူ တို့အားငါ့ထက်ပင်ပို၍ဂုဏ်ပြုချီးမြှင့် ပါသနည်း။-
30. ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
31. နားထောင်လော့။ သင့်အိမ်ထောင်စု၊ သင့်သား ချင်းစုထဲမှလူငယ်လူရွယ်ရှိသမျှကို ငါသုတ်သင်ပယ်ရှင်းပစ်မည့်အချိန်ရောက် ရှိလာလိမ့်မည်။ ဤနည်းအားဖြင့်သင်၏ အိမ်ထောင်စုတွင် အဘယ်သူမျှအသက် အရွယ်အိုမင်းသည်တိုင်အောင်နေရကြ လိမ့်မည်မဟုတ်။-
32. သင်သည်အခြားဣသရေလအမျိုးသား တို့အား ငါပေးသည့်ကောင်းချီးမင်္ဂလာများ ကိုမြင်၍ စိတ်ပျက်လျက်မနာလိုစိတ်ဖြစ် လိမ့်မည်။ သို့ရာတွင်သင်၏အိမ်ထောင်စုမှ အဘယ်သူမျှ အိုမင်းသည်တိုင်အောင်နေရ တော့မည်မဟုတ်။-