1. ဒါဝိဒ်အားသတ်ပစ်ရန် မိမိကြံစည်တော်မူကြောင်း ရှောလုသည်သား တော်ယောနသန်နှင့်နန်းတွင်းအရာရှိအပေါင်း တို့အားပြောပြ၏။ သို့ရာတွင်ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်ခင်စွဲလန်းသဖြင့်၊-
2. ``အကျွန်ုပ်၏ခမည်းတော်သည်သင့်အား သေကြောင်းကြံလေပြီ။ နက်ဖြန်နံနက်၌ သတိနှင့်ပုန်းရှောင်၍နေလော့။-
3. ငါသည်သင်ရှိရာလယ်ကွင်းထဲသို့သွား၍ ခမည်း တော်အနီးတွင်ရပ်လျက်သင့်အကြောင်းကိုပြော ပြမည်။ သူ့ထံမှသတင်းတစ်စုံတစ်ရာရရှိ ပါက သင့်အားပြောကြားပါမည်'' ဟုဆို၏။