ဒါဝိဒ်သည်ရှောလုစေခိုင်းလေသမျှသော အမှုကိစ္စတို့၌အောင်မြင်သည်သာဖြစ်၏။ ထို့ကြောင့်ရှောလုသည်သူ့အားတပ်မတော် အရာရှိတစ်ဦးအဖြစ်ခန့်ထားတော်မူ၏။ ဤသို့ပြုတော်မူသည်ကိုရှောလု၏အရာ ရှိများနှင့်ပြည်သူပြည်သားများက နှစ်သက်သဘောကျကြ၏။