13. သို့ဖြစ်၍ရှောလုသည်ဒါဝိဒ်အားလူတစ် ထောင်တပ်မှူးအဖြစ်ဖြင့်ခန့်ထား၍ အပါး တော်မှအဝေးသို့စေလွှတ်တော်မူ၏။ ဒါဝိဒ် သည်မိမိ၏တပ်သားတို့နှင့်အတူတိုက်ပွဲ ဝင်ရာ၊-
14. ထာဝရဘုရားသည်သူနှင့်အတူရှိတော် မူသဖြင့် သူပြုလေသမျှသောအမှုတို့ သည်အောင်မြင်လေ၏။-
15. ယင်းသို့အောင်မြင်သည်ကိုမြင်သောအခါ ရှောလုသည်ဒါဝိဒ်အားပို၍ကြောက်လန့် လာ၏။-
16. သို့ရာတွင်ဣသရေလနှင့်ယုဒနယ်များမှ လူအပေါင်းတို့ကမူဒါဝိဒ်အားချစ်ကြ၏။ အဘယ်ကြောင့်ဆိုသော်သူသည်လူတို့အား အောင်မြင်စွာခေါင်းဆောင်၍တိုက်ပွဲဝင်နိုင်သူ ဖြစ်သောကြောင့်တည်း။
17. ထိုနောက်ရှောလုသည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``ငါ့ မှာငါ့သမီးကြီးမေရပ်ရှိ၏။ သင်သည်ထာဝရ ဘုရား၏စစ်ပွဲများတွင်ရဲရင့်စွာပါဝင်ဆင်နွှဲ လျက် ငါ၏အမှုတော်ကိုထမ်းဆောင်မည်ဆို ပါက ငါသည်သင့်အားဤသမီးတော်နှင့်ထိမ်း မြားပေးစားမည်'' ဟုဆို၏။ (ဤနည်းအားဖြင့် ဒါဝိဒ်အားမိမိကိုယ်တိုင်သတ်ရန်မလိုတော့ ဘဲ ဖိလိတ္တိအမျိုးသားတို့၏လက်ချက်ဖြင့် ကျဆုံးစေရန်ရှောလုအကောက်ကြံသတည်း။)