55. ဂေါလျတ်နှင့်စစ်ထိုးရန် ဒါဝိဒ်ထွက်သွားသည် ကိုရှောလုမြင်သောအခါ ဗိုလ်ချုပ်အာဗနာ အား``အာဗနာ၊ ထိုသူငယ်ကားအဘယ်သူ နည်း'' ဟုမေးတော်မူ၏။အာဗနာက``အရှင်မင်းကြီး၊ အကျွန်ုပ်မသိပါ'' ဟုလျှောက်၏။
56. ရှောလုက``မသိလျှင်သွား၍စုံစမ်းလော့'' ဟု မိန့်တော်မူ၏။
57. ထို့ကြောင့်ဂေါလျတ်ကိုဒါဝိဒ်သတ်ပြီးနောက် တပ်စခန်းသို့ပြန်လာသောအခါအာဗနာ သည်သူ့ကိုခေါ်၍ ရှောလု၏ရှေ့တော်သို့သွင်း လေ၏။ ထိုအခါဒါဝိဒ်သည်ဂေါလျတ်၏ ဦးခေါင်းကိုကိုင်ဆောင်လျက်ပင်ရှိသေး၏။-
58. ရှောလုက``အချင်းလူငယ်၊ သင်ကားအဘယ် သူ၏သားနည်း'' ဟုမေးတော်မူလျှင်၊ဒါဝိဒ်က``အကျွန်ုပ်သည်အရှင်၏အစေခံ၊ ဗက်လင်မြို့သားယေရှဲ၏သားဖြစ်ပါ၏'' ဟုပြန်လည်လျှောက်ထား၏။