၁ ရာ 17:42-55 Common Language Bible (BCL)

42. သူ​သည်​ဒါ​ဝိဒ်​ကို​သေ​ချာ​စွာ​ကြည့်​သော အ​ခါ ဒါ​ဝိဒ်​ကား​ရှု​ချင်​ဖွယ်​ကောင်း​သည့် သူ​ငယ်​တစ်​ယောက်​မျှ​သာ​ဖြစ်​သည်​ကို​တွေ့ ရှိ​ရ​သော​ကြောင့် သူ့​အား​မ​ထီ​လေး​စား​ပြု လေ​သည်။-

43. သူ​က​ဒါ​ဝိဒ်​အား``တောင်​ဝှေး​နှင့်​အ​ဘယ်​ကြောင့် လာ​ပါ​သ​နည်း။ ငါ့​အား​ခွေး​ထင်​မှတ်​သ​လော'' ဟု​ဆို​ပြီး​လျှင်​မိ​မိ​၏​ဘု​ရား​ကို​တိုင်​တည်​၍ ဒါ​ဝိဒ်​အား​ကျိန်​ဆဲ​လေ​သည်။-

44. ထို​နောက်``လာ​ခဲ့​လော့။ ငါ​သည်​သင့်​အ​သား ကို​ငှက်​များ​နှင့်​သား​ရဲ​တိ​ရစ္ဆာန်​များ​၏ အ​စာ​ဖြစ်​စေ​အံ့'' ဟု​ဆို​၏။

45. ဒါ​ဝိဒ်​က``သင်​သည်​ဋ္ဌား၊ ပစ်​လှံ၊ ထိုး​လှံ​တို့​နှင့် သာ​လာ​၏။ ငါ​မူ​ကား​သင်​အံ​တု​သည့်​ဣ​သ​ရေ လ​စစ်​သည်​တော်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် နှင့်​လာ​၏။-

46. ယ​နေ့​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား ငါ​၏​လက်​တွင်​အပ်​နှင်း​တော်​မူ​လိမ့်​မည်။ ငါ သည်​သင့်​ကို​နှိမ်​နင်း​၍​သင်​၏​ဦး​ခေါင်း​ကို ဖြတ်​ပစ်​မည်။ ဖိ​လိတ္တိ​တပ်​သား​တို့​၏​အ​သေ ကောင်​များ​ကို​ငှက်​များ၊ သား​ရဲ​တိရစ္ဆာန်​များ ၏​အ​စာ​ဖြစ်​စေ​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင် ဘု​ရား​ရှိ​တော်​မူ​ကြောင်း တစ်​ကမ္ဘာ​လုံး​သိ​ကြ​လိမ့်​မည်။-

47. ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ် တင်​ရန်​အ​တွက် ဋ္ဌား၊ လှံ​လက်​နက်​များ​ကို​အ​သုံး ပြု​တော်​မူ​ရန်​မ​လို​ကြောင်း​ကို​လည်း ဤ​အ​ရပ် တွင်​ရှိ​သ​မျှ​သော​လူ​တို့​တွေ့​မြင်​ရ​ကြ​လိမ့် မည်။ ကိုယ်​တော်​သည်​စစ်​မက်​ရေး​ရာ​ကို​ပိုင် တော်​မူ​သ​ဖြင့် သင်​တို့​အား​လုံး​ကို​ငါ​တို့ လက်​သို့​အပ်​နှင်း​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။

48. ဂေါ​လျတ်​သည် ဒါ​ဝိဒ်​ရှိ​ရာ​သို့​တစ်​ဖန်​ချဉ်း​ကပ် လာ​၏။ ဒါ​ဝိဒ်​သည်​သူ​နှင့်​စစ်​ထိုး​ရန်​ဖိ​လိတ္တိ တပ်​ဦး​သို့​အ​လျင်​အ​မြန်​ပြေး​၍၊-

49. မိ​မိ​လွယ်​အိတ်​မှ​ကျောက်​ခဲ​တစ်​လုံး​ကို​နှိုက်​ယူ ပြီး​လျှင် လောက်​လွှဲ​နှင့်​ဂေါ​လျတ်​အား​ပစ်​လိုက်​၏။ ကျောက်​ခဲ​သည်​ဂေါ​လျတ်​၏​န​ဖူး​ကို​ထိ​မှန်​၍ န​ဖူး​ပေါက်​သ​ဖြင့်​ဂေါ​လျတ်​သည်​မြေ​ပေါ်​သို့ ငိုက်​စိုက်​လဲ​ကျ​သွား​တော့​၏။-

50. ဤ​ကဲ့​သို့​ဒါ​ဝိဒ်​သည်​ဋ္ဌား​မ​ပါ​ဘဲ လောက်​လွှဲ​နှင့် ကျောက်​ခဲ​တစ်​လုံး​ဖြင့်​ဂေါ​လျတ်​အား​သေ လောက်​သည့်​ဒဏ်​ရာ​ရ​စေ​လျက်​နှိမ်​နင်း​လိုက် သ​တည်း။-

51. သူ​သည်​ဂေါ​လျတ်​ရှိ​ရာ​သို့​ပြေး​ပြီး​နောက် သူ့​ကို ခြေ​နှင့်​နင်း​ကာ​သူ​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ဆွဲ​ထုတ် ပြီး​လျှင် ခေါင်း​ကို​ဖြတ်​၍​သတ်​လေ​တော့​သည်။ဖိ​လိတ္တိ​အ​မျိုး​သား​များ​သည် မိ​မိ​တို့​သူ​ရဲ ကောင်း​ကြီး​ကျ​ဆုံး​သွား​သည်​ကို​မြင်​ကြ သော​အ​ခါ​ထွက်​ပြေး​ကြ​ကုန်​၏။-

52. ဣ​သ​ရေ​လ​နှင့်​ယု​ဒ​တပ်​သား​များ​သည်​လည်း အော်​သံ​ပေး​ကာ​ဂါ​သ​မြို့​နှင့် ဧ​ကြုန်​မြို့​တံ​ခါး​များ​တိုင်​အောင်​သူ​တို့​အား လိုက်​လံ​တိုက်​ခိုက်​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ဒဏ်​ရာ​ရ​၍ ဂါ​သ​မြို့​နှင့်​ဧ​ကြုန်​မြို့ တိုင်​အောင်​ရှာ​ရိမ်​လမ်း​တစ်​လျှောက်​လုံး​၌ ကျ​ဆုံး​ကြ​ကုန်​၏။-

53. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လိုက်​လံ တိုက်​ခိုက်​ရာ​မှ​ပြန်​လာ​ကြ​ပြီး​နောက် ဖိ​လိတ္တိ တပ်​စ​ခန်း​ကို​ဝင်​ရောက်​လု​ယက်​ကြ​လေ​သည်။-

54. ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​၏​ဦး​ခေါင်း​ကို​ယူ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​သွား​၏။ ဂေါ လျတ်​၏​လက်​နက်​များ​ကို​မူ​မိ​မိ​၏​တပ် စ​ခန်း​တွင်​သိမ်း​ဆည်း​ထား​၏။

55. ဂေါ​လျတ်​နှင့်​စစ်​ထိုး​ရန် ဒါ​ဝိဒ်​ထွက်​သွား​သည် ကို​ရှော​လု​မြင်​သော​အ​ခါ ဗိုလ်​ချုပ်​အာ​ဗ​နာ အား``အာ​ဗ​နာ၊ ထို​သူ​ငယ်​ကား​အ​ဘယ်​သူ နည်း'' ဟု​မေး​တော်​မူ​၏။အာ​ဗ​နာ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​လျှောက်​၏။

၁ ရာ 17