10. ယခုငါသည်ဣသရေလတပ်မတော်အားငါ နှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ်ပါ၏။ ငါနှင့် တိုက်ခိုက်ရန်လူတစ်ဦးကိုရွေးချယ်ကြလော့'' ဟုဆို၏။-
11. ထိုစကားကိုကြားသောအခါရှောလုနှင့် သူ၏စစ်သည်တပ်သားတို့သည်ထိတ်လန့် ကြကုန်၏။
12. ဒါဝိဒ်သည်ယုဒပြည်၊ ဗက်လင်မြို့မှဧဖရတ် အရပ်သားယေရှဲ၏သားဖြစ်၏။ ယေရှဲတွင် သားရှစ်ယောက်ရှိ၏။ ရှောလုမင်းနန်းစံချိန်၌ ယေရှဲသည်များစွာအိုမင်းလျက်နေလေပြီ။-
13. သူ၏သားကြီးသုံးယောက်သည်ရှောလုနှင့်အတူ တိုက်ပွဲဝင်ရန်လိုက်သွားကြ၏။ အကြီးဆုံး သည်ဧလျာဘ၊ ဒုတိယသားမှာအဘိနဒပ်၊ တတိယသားကားရှိမာဖြစ်၏။-