၁ ရာ 17:38-42 Common Language Bible (BCL)

38. မိ​မိ​ကိုယ်​ပိုင်​လက်​နက်​စုံ​ကို​ဒါ​ဝိဒ်​အား တပ်​ဆင်​ပေး​၏။ ကြေး​ဝါ​ခ​မောက်​ကို​ဆောင်း ပေး​ပြီး​လျှင်​သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​စေ တော်​မူ​၏။-

39. ဒါ​ဝိဒ်​သည်​သံ​ချပ်​အင်္ကျီ​အ​ပေါ်​တွင် ရှော​လု ၏​ဋ္ဌား​ကို​ချိတ်​ဆွဲ​ကာ​လမ်း​လျှောက်​ကြည့်​၏။ သို့​ရာ​တွင်​သံ​ချပ်​အင်္ကျီ​ဝတ်​ကျင့်​မ​ရှိ​သ​ဖြင့် သူ​သည်​လမ်း​လျှောက်​၍​မ​ရ။ ထို့​ကြောင့်​ရှော​လု အား``အ​ကျွန်ုပ်​သည်​ဤ​တန်​ဆာ​မျိုး​ကို​ဝတ် ကျင့်​မ​ရှိ​ပါ'' ဟု​လျှောက်​ပြီး​လျှင်​ချွတ် လိုက်​၏။-

40. သူ​သည်​မိ​မိ​၏​သိုး​ထိန်း​တောင်​ဝှေး​ကို​ယူ​၍ စမ်း​ချောင်း​ထဲ​မှ​ကျောက်​ခဲ​ငါး​လုံး​ကို​ကောက် ယူ​ကာ​လွယ်​အိတ်​ထဲ​သို့​ထည့်​လိုက်​၏။ ထို​နောက် လောက်​လွှဲ​ကို​အ​သင့်​ကိုင်​၍ ဂေါ​လျတ်​နှင့် တွေ့​ဆုံ​ရန်​ထွက်​သွား​လေ​သည်။

41. ဂေါ​လျတ်​သည်​မိ​မိ​၏​ဒိုင်း​လွှား​ကိုင်​ဆောင် သူ​၏​နောက်​မှ​နေ​၍ ဒါ​ဝိဒ်​ရှိ​ရာ​သို့​ချဉ်း ကပ်​လာ​၏။-

42. သူ​သည်​ဒါ​ဝိဒ်​ကို​သေ​ချာ​စွာ​ကြည့်​သော အ​ခါ ဒါ​ဝိဒ်​ကား​ရှု​ချင်​ဖွယ်​ကောင်း​သည့် သူ​ငယ်​တစ်​ယောက်​မျှ​သာ​ဖြစ်​သည်​ကို​တွေ့ ရှိ​ရ​သော​ကြောင့် သူ့​အား​မ​ထီ​လေး​စား​ပြု လေ​သည်။-

၁ ရာ 17