37. ထာဝရဘုရားသည်အကျွန်ုပ်အားခြင်္သေ့ ဘေး၊ ဝက်ဝံဘေးမှကယ်တော်မူခဲ့ပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်အား ဤဖိလိတ္တိ အမျိုးသား၏လက်မှလည်းကယ်တော် မူပါလိမ့်မည်'' ဟုလျှောက်၏။ရှောလုက``ကောင်းပြီ၊ သွားလော့။ ထာဝရ ဘုရားသည် သင်နှင့်အတူရှိတော်မူပါ စေသော'' ဟုဆိုကာ၊-
38. မိမိကိုယ်ပိုင်လက်နက်စုံကိုဒါဝိဒ်အား တပ်ဆင်ပေး၏။ ကြေးဝါခမောက်ကိုဆောင်း ပေးပြီးလျှင်သံချပ်အင်္ကျီကိုဝတ်ဆင်စေ တော်မူ၏။-
39. ဒါဝိဒ်သည်သံချပ်အင်္ကျီအပေါ်တွင် ရှောလု ၏ဋ္ဌားကိုချိတ်ဆွဲကာလမ်းလျှောက်ကြည့်၏။ သို့ရာတွင်သံချပ်အင်္ကျီဝတ်ကျင့်မရှိသဖြင့် သူသည်လမ်းလျှောက်၍မရ။ ထို့ကြောင့်ရှောလု အား``အကျွန်ုပ်သည်ဤတန်ဆာမျိုးကိုဝတ် ကျင့်မရှိပါ'' ဟုလျှောက်ပြီးလျှင်ချွတ် လိုက်၏။-
40. သူသည်မိမိ၏သိုးထိန်းတောင်ဝှေးကိုယူ၍ စမ်းချောင်းထဲမှကျောက်ခဲငါးလုံးကိုကောက် ယူကာလွယ်အိတ်ထဲသို့ထည့်လိုက်၏။ ထိုနောက် လောက်လွှဲကိုအသင့်ကိုင်၍ ဂေါလျတ်နှင့် တွေ့ဆုံရန်ထွက်သွားလေသည်။
41. ဂေါလျတ်သည်မိမိ၏ဒိုင်းလွှားကိုင်ဆောင် သူ၏နောက်မှနေ၍ ဒါဝိဒ်ရှိရာသို့ချဉ်း ကပ်လာ၏။-
42. သူသည်ဒါဝိဒ်ကိုသေချာစွာကြည့်သော အခါ ဒါဝိဒ်ကားရှုချင်ဖွယ်ကောင်းသည့် သူငယ်တစ်ယောက်မျှသာဖြစ်သည်ကိုတွေ့ ရှိရသောကြောင့် သူ့အားမထီလေးစားပြု လေသည်။-
43. သူကဒါဝိဒ်အား``တောင်ဝှေးနှင့်အဘယ်ကြောင့် လာပါသနည်း။ ငါ့အားခွေးထင်မှတ်သလော'' ဟုဆိုပြီးလျှင်မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်အားကျိန်ဆဲလေသည်။-