၁ ရာ 17:33-40 Common Language Bible (BCL)

33. ရှော​လု​က``အ​ဘယ်​သို့​လျှင်​သင်​သည်​သူ​နှင့် စစ်​ထိုး​နိုင်​ပါ​မည်​နည်း။ သင်​သည်​သူ​ငယ်​မျှ သာ​ရှိ​သေး​၏။ ထို​သူ​မူ​ကား​တစ်​သက်​လုံး စစ်​သူ​ရဲ​လုပ်​ခဲ့​သူ​ဖြစ်​၏'' ဟု​ဆို​သော်၊

34. ဒါ​ဝိဒ်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် ဖ​ခင်​၏​သိုး​များ​ကို​ထိန်း​ကျောင်း​ရ​သူ ဖြစ်​ပါ​၏။ သိုး​တစ်​ကောင်​ကို​ခြင်္သေ့​သော် လည်း​ကောင်း၊ ဝက်​ဝံ​သော်​လည်း​ကောင်း ကိုက်​ချီ​သွား​ပါ​လျှင်၊-

35. အ​ကျွန်ုပ်​သည်​ထို​သား​ရဲ​ကို​လိုက်​လံ​တိုက်​ခိုက် ကာ သိုး​ငယ်​ကို​ကယ်​ဆယ်​ပါ​၏။ အ​ကယ်​၍​ခြင်္သေ့ သို့​မ​ဟုတ်​ဝက်​ဝံ​သည် အ​ကျွန်ုပ်​ကို​လှည့်​၍​ကိုက် ခဲ့​သော်​အ​ကျွန်ုပ်​သည်​သူ​၏​လည်​မြို​ကို​ကိုင်​၍ ရိုက်​သတ်​ပါ​၏။-

36. အ​ကျွန်ုပ်​သည်​ခြင်္သေ့​နှင့်​ဝက်​ဝံ​တို့​ကို​သတ်​ခဲ့​သူ ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ တပ်​မ​တော်​ကို​အံ​တု​သူ၊ ဤ​ဘု​ရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​အား​လည်း​သတ်​ဖြတ်​နိုင်​ပါ​သည်။-

37. ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား​ခြင်္သေ့ ဘေး၊ ဝက်​ဝံ​ဘေး​မှ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား ဤ​ဖိ​လိတ္တိ အ​မျိုး​သား​၏​လက်​မှ​လည်း​ကယ်​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ရှော​လု​က``ကောင်း​ပြီ၊ သွား​လော့။ ထာ​ဝ​ရ ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ စေ​သော'' ဟု​ဆို​ကာ၊-

38. မိ​မိ​ကိုယ်​ပိုင်​လက်​နက်​စုံ​ကို​ဒါ​ဝိဒ်​အား တပ်​ဆင်​ပေး​၏။ ကြေး​ဝါ​ခ​မောက်​ကို​ဆောင်း ပေး​ပြီး​လျှင်​သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​စေ တော်​မူ​၏။-

39. ဒါ​ဝိဒ်​သည်​သံ​ချပ်​အင်္ကျီ​အ​ပေါ်​တွင် ရှော​လု ၏​ဋ္ဌား​ကို​ချိတ်​ဆွဲ​ကာ​လမ်း​လျှောက်​ကြည့်​၏။ သို့​ရာ​တွင်​သံ​ချပ်​အင်္ကျီ​ဝတ်​ကျင့်​မ​ရှိ​သ​ဖြင့် သူ​သည်​လမ်း​လျှောက်​၍​မ​ရ။ ထို့​ကြောင့်​ရှော​လု အား``အ​ကျွန်ုပ်​သည်​ဤ​တန်​ဆာ​မျိုး​ကို​ဝတ် ကျင့်​မ​ရှိ​ပါ'' ဟု​လျှောက်​ပြီး​လျှင်​ချွတ် လိုက်​၏။-

40. သူ​သည်​မိ​မိ​၏​သိုး​ထိန်း​တောင်​ဝှေး​ကို​ယူ​၍ စမ်း​ချောင်း​ထဲ​မှ​ကျောက်​ခဲ​ငါး​လုံး​ကို​ကောက် ယူ​ကာ​လွယ်​အိတ်​ထဲ​သို့​ထည့်​လိုက်​၏။ ထို​နောက် လောက်​လွှဲ​ကို​အ​သင့်​ကိုင်​၍ ဂေါ​လျတ်​နှင့် တွေ့​ဆုံ​ရန်​ထွက်​သွား​လေ​သည်။

၁ ရာ 17