၁ ရာ 17:3-18 Common Language Bible (BCL)

3. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​တောင်​ကုန်း​တစ်​ခု ပေါ်​တွင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​အ​ခြား​တောင်​ကုန်း​တစ်​ခု​ပေါ်​တွင် လည်း​ကောင်း​နေ​ရာ​ယူ​ထား​ကြ​၏။ သူ​တို့​၏ စပ်​ကြား​တွင်​ကား​ချိုင့်​ဝှမ်း​ခံ​လျက်​နေ​သ​တည်း။

4. ဂါ​သ​မြို့​သား​ဂေါ​လျတ်​ဆို​သူ​သည်​ဖိ​လိတ္တိ​တပ် စခန်း​မှ​ထွက်​လာ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မိ​မိ​နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ် လေ​သည်။ သူ​သည်​အ​ရပ်​ကိုး​ပေ ခန့်​မြင့်​၍၊-

5. တစ်​ရာ​နှစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သော​ကြေး​ဝါ သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​ကာ​ကြေး​ဝါ​ခ​မောက် ကို​ဆောင်း​ထား​၏။-

6. ကြေး​ဝါ​ခြေ​စွပ်​ကို​လည်း​ဝတ်​လျက်​ကြေး​ဝါ လက်​ပစ်​လှံ​ကို​ပု​ခုံး​တွင်​လွယ်​ထား​၏။-

7. သူ​၏​လက်​ထိုး​လှံ​အ​ရိုး​သည်​ယက်​ကန်း​လက် လိပ်​တန်​တ​မျှ​ကြီး​၏။ သံ​လှံ​သွား​မှာ​လည်း တစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သည်။ သူ​၏​ဒိုင်း လွှား​ကို​ကိုင်​ဆောင်​သူ​စစ်​သည်​က​သူ​၏​ရှေ့ မှ​သွား​ရ​၏။-

8. ဂေါ​လျတ်​သည်​ရပ်​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ လာ​ကြ​သနည်း။ စစ်​တိုက်​ရန်​လော။ အ​ချင်း​ရှော​လု ၏​ကျွန်​တို့၊ ငါ​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​ဖြစ်​၏။ ငါ​နှင့်​စစ်​ထိုး​ရန်​သင်​တို့​အ​ထဲ​မှ​လူ​တစ် ယောက်​ကို​ရွေး​ချယ်​ကြ​လော့။-

9. အ​ကယ်​၍​ထို​သူ​သည်​ငါ့​ကို​နှိမ်​နင်း​သတ် ဖြတ်​နိုင်​လျှင် ငါ​တို့​သည်​သင်​တို့​ထံ​တွင်​ကျွန် ခံ​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​သူ့​ကို နှိမ်​နင်း​သတ်​ဖြတ်​နိုင်​ပါ​မူ သင်​တို့​သည်​ငါ တို့​ထံ​၌​ကျွန်​ခံ​ရ​ကြ​မည်။-

10. ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​အား​ငါ နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ်​ပါ​၏။ ငါ​နှင့် တိုက်​ခိုက်​ရန်​လူ​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​လော့'' ဟု​ဆို​၏။-

11. ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ရှော​လု​နှင့် သူ​၏​စစ်​သည်​တပ်​သား​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။

12. ဒါ​ဝိဒ်​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​မှ​ဧ​ဖ​ရတ် အ​ရပ်​သား​ယေ​ရှဲ​၏​သား​ဖြစ်​၏။ ယေ​ရှဲ​တွင် သား​ရှစ်​ယောက်​ရှိ​၏။ ရှော​လု​မင်း​နန်း​စံ​ချိန်​၌ ယေ​ရှဲ​သည်​များ​စွာ​အို​မင်း​လျက်​နေ​လေ​ပြီ။-

13. သူ​၏​သား​ကြီး​သုံးယောက်​သည်​ရှော​လု​နှင့်​အ​တူ တိုက်​ပွဲ​ဝင်​ရန်​လိုက်​သွား​ကြ​၏။ အ​ကြီး​ဆုံး သည်​ဧ​လျာ​ဘ၊ ဒု​တိ​ယ​သား​မှာ​အ​ဘိ​န​ဒပ်၊ တ​တိ​ယ​သား​ကား​ရှိ​မာ​ဖြစ်​၏။-

16. ဂေါ​လျတ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​နံ​နက်​တစ်​ခါ၊ ည​တစ်​ခါ​အရက်​လေး​ဆယ်​တိုင်​တိုင်​စိန် ခေါ်​လေ​သည်။

17. တစ်​နေ့​သ​၌​ယေ​ရှဲ​သည်​ဒါ​ဝိဒ်​အား``ဤ​ပေါက် ပေါက်​တစ်​တင်း​နှင့်​မုန့်​ဆယ်​လုံး​ကို​ယူ​၍​သင် ၏​အစ်​ကို​များ​ရှိ​ရာ​တပ်​စ​ခန်း​သို့​အ​မြန် သွား​လော့။-

18. တပ်​မှူး​အ​တွက်​ဒိန်​ခဲ​ဆယ်​လုံး​ကို​လည်း​ယူ ၍​သွား​ပါ​လေ။ သင်​၏​အစ်​ကို​များ​ကျန်း​မာ သည်​မ​ကျန်း​မာ​သည်​ကို​စုံ​စမ်း​ပြီး​လျှင် သူ​တို့​ကျန်း​မာ​စွာ​ရှိ​ကြောင်း​သက်​သေ​တစ် ခု​ခု​ကို​ယူ​ခဲ့​လော့။-

၁ ရာ 17