28. ထိုသူတို့နှင့်ဒါဝိဒ်ပြောသောစကားကို အစ်ကိုကြီးဧလျာဘကြားလျှင် အမျက် ထွက်၍``သင်သည်အဘယ်ကြောင့်ဤအရပ် သို့လာသနည်း။ တောကန္တာရတွင်သိုးများ ကိုအဘယ်သူထိန်းကျောင်းလျက်နေပါ သနည်း။ သင်၏စိတ်နေမြင့်မှု၊ ဆိုးညစ်ယုတ် မာမှုကိုငါသိ၏။ သင်သည်စစ်ပွဲကြည့် ရန်လာရောက်ခြင်းသာဖြစ်၏'' ဟုဆို၏။
29. ဒါဝိဒ်က``အကျွန်ုပ်သည်အဘယ်အမှုကို ပြုမိပါသနည်း။ မေးခွန်းတစ်ခုကိုမျှမေး နိုင်ခွင့်မရှိပါသလော'' ဟုဆို၍၊-
30. အခြားသူတို့ဘက်သို့လှည့်ပြီးလျှင် ယခင် ကဲ့သို့မေးမြန်းပြီးလျှင်ရှေးနည်းတူပြန် ပြောကြ၏။
31. လူအချို့တို့သည်ဒါဝိဒ်ပြောဆိုသောစကား ကိုကြား၍ ရှောလုအားသံတော်ဦးတင်ကြ သောအခါရှောလုသည်ဒါဝိဒ်ကိုခေါ်တော် မူ၏။-
32. ဒါဝိဒ်က``အရှင်မင်းကြီး၊ ဤဖိလိတ္တိအမျိုး သားအား အဘယ်သူမျှမကြောက်သင့်ပါ။ အကျွန်ုပ်သည်သွား၍သူနှင့်စစ်ထိုးပါမည်'' ဟုရှောလုအားလျှောက်၏။
33. ရှောလုက``အဘယ်သို့လျှင်သင်သည်သူနှင့် စစ်ထိုးနိုင်ပါမည်နည်း။ သင်သည်သူငယ်မျှ သာရှိသေး၏။ ထိုသူမူကားတစ်သက်လုံး စစ်သူရဲလုပ်ခဲ့သူဖြစ်၏'' ဟုဆိုသော်၊
34. ဒါဝိဒ်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည် ဖခင်၏သိုးများကိုထိန်းကျောင်းရသူ ဖြစ်ပါ၏။ သိုးတစ်ကောင်ကိုခြင်္သေ့သော် လည်းကောင်း၊ ဝက်ဝံသော်လည်းကောင်း ကိုက်ချီသွားပါလျှင်၊-
35. အကျွန်ုပ်သည်ထိုသားရဲကိုလိုက်လံတိုက်ခိုက် ကာ သိုးငယ်ကိုကယ်ဆယ်ပါ၏။ အကယ်၍ခြင်္သေ့ သို့မဟုတ်ဝက်ဝံသည် အကျွန်ုပ်ကိုလှည့်၍ကိုက် ခဲ့သော်အကျွန်ုပ်သည်သူ၏လည်မြိုကိုကိုင်၍ ရိုက်သတ်ပါ၏။-
36. အကျွန်ုပ်သည်ခြင်္သေ့နှင့်ဝက်ဝံတို့ကိုသတ်ခဲ့သူ ဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင်၏ တပ်မတော်ကိုအံတုသူ၊ ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားအားလည်းသတ်ဖြတ်နိုင်ပါသည်။-
37. ထာဝရဘုရားသည်အကျွန်ုပ်အားခြင်္သေ့ ဘေး၊ ဝက်ဝံဘေးမှကယ်တော်မူခဲ့ပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်အား ဤဖိလိတ္တိ အမျိုးသား၏လက်မှလည်းကယ်တော် မူပါလိမ့်မည်'' ဟုလျှောက်၏။ရှောလုက``ကောင်းပြီ၊ သွားလော့။ ထာဝရ ဘုရားသည် သင်နှင့်အတူရှိတော်မူပါ စေသော'' ဟုဆိုကာ၊-
38. မိမိကိုယ်ပိုင်လက်နက်စုံကိုဒါဝိဒ်အား တပ်ဆင်ပေး၏။ ကြေးဝါခမောက်ကိုဆောင်း ပေးပြီးလျှင်သံချပ်အင်္ကျီကိုဝတ်ဆင်စေ တော်မူ၏။-
39. ဒါဝိဒ်သည်သံချပ်အင်္ကျီအပေါ်တွင် ရှောလု ၏ဋ္ဌားကိုချိတ်ဆွဲကာလမ်းလျှောက်ကြည့်၏။ သို့ရာတွင်သံချပ်အင်္ကျီဝတ်ကျင့်မရှိသဖြင့် သူသည်လမ်းလျှောက်၍မရ။ ထို့ကြောင့်ရှောလု အား``အကျွန်ုပ်သည်ဤတန်ဆာမျိုးကိုဝတ် ကျင့်မရှိပါ'' ဟုလျှောက်ပြီးလျှင်ချွတ် လိုက်၏။-