၁ ရာ 17:23-37 Common Language Bible (BCL)

23. ယင်း​သို့​သူ​တို့​နှင့်​စ​ကား​ပြော​နေ​ချိန်​၌ ဂေါ​လျတ်​သည် ရှေ့​သို့​ထွက်​လာ​ပြီး​လျှင်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​နှင့်​တစ်​ဦး ချင်း​စစ်​ထိုး​ရန်​ယ​ခင်​က​နည်း​တူ​စိန်​ခေါ် လေ​သည်။ ထို​စိန်​ခေါ်​သံ​ကို​ဒါ​ဝိဒ်​ကြား​၏။-

24. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဂေါ​လျတ် ကို​မြင်​လျှင်​ကြောက်​၍​ထွက်​ပြေး​ကြ​၏။-

25. ``သူ့​အား​ကြည့်​ကြ​လော့။ သူ​ကြိမ်း​ဝါး​သည် ကို​လည်း​နား​ထောင်​ကြ​လော့။ ရှော​လု​မင်း သည်​ထို​သူ့​ကို​သတ်​ဖြတ်​နိုင်​သူ​အား​ဆု တော်​လာဘ်​တော်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ ပြု​ထား​၏။ မင်း​ကြီး​သည်​ထို​သူ​အား သ​မီး တော်​နှင့်​လည်း​ထိမ်း​မြား​စုံ​ဖက်​တော်​မူ​ပါ လိမ့်​မည်။ ထို့​ပြင်​သူ့​ဖ​ခင်​၏​အိမ်​ထောင်​စု​ကို အ​ခွန်​တော်​များ​လွတ်​ငြိမ်း​ခွင့်​ပြု​တော်​မူ လိမ့်​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​နေ ကြ​၏။

26. ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။-

27. သူ​တို့​က​လည်း​ဂေါ​လျတ်​ကို​သတ်​နိုင်​သူ သည် မည်​သည့်​အ​ကျိုး​ခံ​စား​ရ​မည်​ကို ဒါ​ဝိဒ်​အား​ပြော​ကြ​၏။

28. ထို​သူ​တို့​နှင့်​ဒါ​ဝိဒ်​ပြော​သော​စ​ကား​ကို အစ်​ကို​ကြီး​ဧ​လျာ​ဘ​ကြား​လျှင် အ​မျက် ထွက်​၍``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ် သို့​လာ​သ​နည်း။ တော​ကန္တာ​ရ​တွင်​သိုး​များ ကို​အ​ဘယ်​သူ​ထိန်း​ကျောင်း​လျက်​နေ​ပါ သ​နည်း။ သင်​၏​စိတ်​နေ​မြင့်​မှု၊ ဆိုး​ညစ်​ယုတ် မာ​မှု​ကို​ငါ​သိ​၏။ သင်​သည်​စစ်​ပွဲ​ကြည့် ရန်​လာ​ရောက်​ခြင်း​သာ​ဖြစ်​၏'' ဟု​ဆို​၏။

29. ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း။ မေး​ခွန်း​တစ်​ခု​ကို​မျှ​မေး နိုင်​ခွင့်​မ​ရှိ​ပါ​သ​လော'' ဟု​ဆို​၍၊-

30. အ​ခြား​သူ​တို့​ဘက်​သို့​လှည့်​ပြီး​လျှင် ယ​ခင် ကဲ့​သို့​မေး​မြန်း​ပြီး​လျှင်​ရှေး​နည်း​တူ​ပြန် ပြော​ကြ​၏။

31. လူ​အ​ချို့​တို့​သည်​ဒါ​ဝိဒ်​ပြော​ဆို​သော​စ​ကား ကို​ကြား​၍ ရှော​လု​အား​သံ​တော်​ဦး​တင်​ကြ သော​အ​ခါ​ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ခေါ်​တော် မူ​၏။-

32. ဒါ​ဝိဒ်​က``အ​ရှင်​မင်း​ကြီး၊ ဤ​ဖိ​လိတ္တိ​အ​မျိုး သား​အား အ​ဘယ်​သူ​မျှ​မ​ကြောက်​သင့်​ပါ။ အ​ကျွန်ုပ်​သည်​သွား​၍​သူ​နှင့်​စစ်​ထိုး​ပါ​မည်'' ဟု​ရှော​လု​အား​လျှောက်​၏။

33. ရှော​လု​က``အ​ဘယ်​သို့​လျှင်​သင်​သည်​သူ​နှင့် စစ်​ထိုး​နိုင်​ပါ​မည်​နည်း။ သင်​သည်​သူ​ငယ်​မျှ သာ​ရှိ​သေး​၏။ ထို​သူ​မူ​ကား​တစ်​သက်​လုံး စစ်​သူ​ရဲ​လုပ်​ခဲ့​သူ​ဖြစ်​၏'' ဟု​ဆို​သော်၊

34. ဒါ​ဝိဒ်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် ဖ​ခင်​၏​သိုး​များ​ကို​ထိန်း​ကျောင်း​ရ​သူ ဖြစ်​ပါ​၏။ သိုး​တစ်​ကောင်​ကို​ခြင်္သေ့​သော် လည်း​ကောင်း၊ ဝက်​ဝံ​သော်​လည်း​ကောင်း ကိုက်​ချီ​သွား​ပါ​လျှင်၊-

35. အ​ကျွန်ုပ်​သည်​ထို​သား​ရဲ​ကို​လိုက်​လံ​တိုက်​ခိုက် ကာ သိုး​ငယ်​ကို​ကယ်​ဆယ်​ပါ​၏။ အ​ကယ်​၍​ခြင်္သေ့ သို့​မ​ဟုတ်​ဝက်​ဝံ​သည် အ​ကျွန်ုပ်​ကို​လှည့်​၍​ကိုက် ခဲ့​သော်​အ​ကျွန်ုပ်​သည်​သူ​၏​လည်​မြို​ကို​ကိုင်​၍ ရိုက်​သတ်​ပါ​၏။-

36. အ​ကျွန်ုပ်​သည်​ခြင်္သေ့​နှင့်​ဝက်​ဝံ​တို့​ကို​သတ်​ခဲ့​သူ ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ တပ်​မ​တော်​ကို​အံ​တု​သူ၊ ဤ​ဘု​ရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​အား​လည်း​သတ်​ဖြတ်​နိုင်​ပါ​သည်။-

37. ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား​ခြင်္သေ့ ဘေး၊ ဝက်​ဝံ​ဘေး​မှ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား ဤ​ဖိ​လိတ္တိ အ​မျိုး​သား​၏​လက်​မှ​လည်း​ကယ်​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ရှော​လု​က``ကောင်း​ပြီ၊ သွား​လော့။ ထာ​ဝ​ရ ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ စေ​သော'' ဟု​ဆို​ကာ၊-

၁ ရာ 17