၁ ရာ 17:19-22 Common Language Bible (BCL)

19. ရှော​လု​မင်း​မှ​စ​၍​သင့်​အစ်​ကို​များ​နှင့်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဧ​လာ​ချိုင့်​ဝှမ်း တွင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​တိုက်​ပွဲ​ဝင်​လျက် ရှိ​နေ​ကြ​၏'' ဟု​ဆို​၏။

20. ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော​ထ ၍ သိုး​တို့​ကို​အ​ခြား​လူ​တစ်​ယောက်​လက်​တွင် အပ်​ပြီး​နောက် အ​စား​အ​စာ​များ​ကို​ယူ​ကာ ယေ​ရှဲ​မှာ​ကြား​သည့်​အ​တိုင်း​ထွက်​ခွာ​သွား လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့် ဖိလိတ္တိ​အ​မျိုး​သား​တို့​စစ်​တိုက်​ရန် ကြွေး​ကြော်​ကာ စစ်​မြေ​ပြင်​သို့​ထွက်​ခွာ​လာ ချိန်​၌​ရောက်​ရှိ​လာ​၏။-

21. ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​တိုက်​ပွဲ​ဝင်​ရန် မျက်​နှာ ချင်း​ဆိုင်​နေ​ရာ​ယူ​ကြ​၏။-

22. ဒါ​ဝိဒ်​သည်​မိမိ​ယူ​ဆောင်​လာ​သည့်​အ​စား​အ​စာ များ​ကို ရိက္ခာ​တာ​ဝန်​ခံ​ထံ​တွင်​အပ်​ထား​၍​စစ် မြေ​ပြင်​သို့​ပြေး​သွား​၏။ ထို​နောက်​မိ​မိ​၏ အစ်​ကို​များ​ထံ​သွား​ရောက်​နှုတ်​ဆက်​၏။-

၁ ရာ 17