18. တပ်မှူးအတွက်ဒိန်ခဲဆယ်လုံးကိုလည်းယူ ၍သွားပါလေ။ သင်၏အစ်ကိုများကျန်းမာ သည်မကျန်းမာသည်ကိုစုံစမ်းပြီးလျှင် သူတို့ကျန်းမာစွာရှိကြောင်းသက်သေတစ် ခုခုကိုယူခဲ့လော့။-
19. ရှောလုမင်းမှစ၍သင့်အစ်ကိုများနှင့်အခြား ဣသရေလအမျိုးသားတို့သည် ဧလာချိုင့်ဝှမ်း တွင်ဖိလိတ္တိအမျိုးသားတို့နှင့်တိုက်ပွဲဝင်လျက် ရှိနေကြ၏'' ဟုဆို၏။
20. ဒါဝိဒ်သည်နောက်တစ်နေ့နံနက်စောစောထ ၍ သိုးတို့ကိုအခြားလူတစ်ယောက်လက်တွင် အပ်ပြီးနောက် အစားအစာများကိုယူကာ ယေရှဲမှာကြားသည့်အတိုင်းထွက်ခွာသွား လေသည်။ သူသည်ဣသရေလအမျိုးသား တို့နှင့် ဖိလိတ္တိအမျိုးသားတို့စစ်တိုက်ရန် ကြွေးကြော်ကာ စစ်မြေပြင်သို့ထွက်ခွာလာ ချိန်၌ရောက်ရှိလာ၏။-
21. ဖိလိတ္တိအမျိုးသားများနှင့်ဣသရေလ အမျိုးသားတို့သည်တိုက်ပွဲဝင်ရန် မျက်နှာ ချင်းဆိုင်နေရာယူကြ၏။-
22. ဒါဝိဒ်သည်မိမိယူဆောင်လာသည့်အစားအစာ များကို ရိက္ခာတာဝန်ခံထံတွင်အပ်ထား၍စစ် မြေပြင်သို့ပြေးသွား၏။ ထိုနောက်မိမိ၏ အစ်ကိုများထံသွားရောက်နှုတ်ဆက်၏။-
23. ယင်းသို့သူတို့နှင့်စကားပြောနေချိန်၌ ဂေါလျတ်သည် ရှေ့သို့ထွက်လာပြီးလျှင်ဣသ ရေလအမျိုးသားတို့အား မိမိနှင့်တစ်ဦး ချင်းစစ်ထိုးရန်ယခင်ကနည်းတူစိန်ခေါ် လေသည်။ ထိုစိန်ခေါ်သံကိုဒါဝိဒ်ကြား၏။-
24. ဣသရေလအမျိုးသားတို့သည်ဂေါလျတ် ကိုမြင်လျှင်ကြောက်၍ထွက်ပြေးကြ၏။-
25. ``သူ့အားကြည့်ကြလော့။ သူကြိမ်းဝါးသည် ကိုလည်းနားထောင်ကြလော့။ ရှောလုမင်း သည်ထိုသူ့ကိုသတ်ဖြတ်နိုင်သူအားဆု တော်လာဘ်တော်ကိုပေးတော်မူမည်ဟုကတိ ပြုထား၏။ မင်းကြီးသည်ထိုသူအား သမီး တော်နှင့်လည်းထိမ်းမြားစုံဖက်တော်မူပါ လိမ့်မည်။ ထို့ပြင်သူ့ဖခင်၏အိမ်ထောင်စုကို အခွန်တော်များလွတ်ငြိမ်းခွင့်ပြုတော်မူ လိမ့်မည်'' ဟုအချင်းချင်းပြောဆိုနေ ကြ၏။