13. သူ၏သားကြီးသုံးယောက်သည်ရှောလုနှင့်အတူ တိုက်ပွဲဝင်ရန်လိုက်သွားကြ၏။ အကြီးဆုံး သည်ဧလျာဘ၊ ဒုတိယသားမှာအဘိနဒပ်၊ တတိယသားကားရှိမာဖြစ်၏။-
14-15. ဒါဝိဒ်သည်အငယ်ဆုံးသားဖြစ်၏။ သားကြီး သုံးယောက်တို့သည်ရှောလုထံတွင်ခစားလျက် နေကြသော်လည်း ဒါဝိဒ်မူကားရံဖန်ရံခါ ဗက်လင်မြို့သို့ပြန်ပြီးလျှင်ဖခင်၏သိုးတို့ ကိုထိန်းကျောင်းလေ့ရှိ၏။
16. ဂေါလျတ်သည်ဣသရေလအမျိုးသားတို့ အား တစ်ဦးချင်းစစ်ထိုးရန်နံနက်တစ်ခါ၊ ညတစ်ခါအရက်လေးဆယ်တိုင်တိုင်စိန် ခေါ်လေသည်။