၁ ရာ 17:1-14-15 Common Language Bible (BCL)

1. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ရှော​ခေါ မြို့​တွင်​စု​ရုံး​ကာ ထို​မြို့​နှင့်​အ​ဇေ​ကာ​မြို့​စပ် ကြား​ဧ​ဖက်​ဒ​မိမ်​အ​ရပ်​တွင်​တပ်​ချ​ထား ကြ​၏။-

10. ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​အား​ငါ နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ်​ပါ​၏။ ငါ​နှင့် တိုက်​ခိုက်​ရန်​လူ​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​လော့'' ဟု​ဆို​၏။-

11. ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ရှော​လု​နှင့် သူ​၏​စစ်​သည်​တပ်​သား​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။

12. ဒါ​ဝိဒ်​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​မှ​ဧ​ဖ​ရတ် အ​ရပ်​သား​ယေ​ရှဲ​၏​သား​ဖြစ်​၏။ ယေ​ရှဲ​တွင် သား​ရှစ်​ယောက်​ရှိ​၏။ ရှော​လု​မင်း​နန်း​စံ​ချိန်​၌ ယေ​ရှဲ​သည်​များ​စွာ​အို​မင်း​လျက်​နေ​လေ​ပြီ။-

13. သူ​၏​သား​ကြီး​သုံးယောက်​သည်​ရှော​လု​နှင့်​အ​တူ တိုက်​ပွဲ​ဝင်​ရန်​လိုက်​သွား​ကြ​၏။ အ​ကြီး​ဆုံး သည်​ဧ​လျာ​ဘ၊ ဒု​တိ​ယ​သား​မှာ​အ​ဘိ​န​ဒပ်၊ တ​တိ​ယ​သား​ကား​ရှိ​မာ​ဖြစ်​၏။-

14-15. ဒါ​ဝိဒ်​သည်​အ​ငယ်​ဆုံး​သား​ဖြစ်​၏။ သား​ကြီး သုံး​ယောက်​တို့​သည်​ရှော​လု​ထံ​တွင်​ခ​စား​လျက် နေ​ကြ​သော်​လည်း ဒါ​ဝိဒ်​မူ​ကား​ရံ​ဖန်​ရံ​ခါ ဗက်​လင်​မြို့​သို့​ပြန်​ပြီး​လျှင်​ဖ​ခင်​၏​သိုး​တို့ ကို​ထိန်း​ကျောင်း​လေ့​ရှိ​၏။

၁ ရာ 17