25. သို့ရာတွင်ထာဝရဘုရားအားအကျွန်ုပ်ဝတ် ပြုကိုးကွယ်ခွင့်ရစေရန် အရှင်သည်အကျွန်ုပ် ၏အပြစ်ကိုဖြေလွှတ်၍ အကျွန်ုပ်နှင့်အတူ ဂိလဂါလမြို့သို့လိုက်ခဲ့ပါရန်အကျွန်ုပ် တောင်းပန်ပါ၏'' ဟုဆိုလေ၏။
26. ရှမွေလကလည်း``သင်နှင့်ငါမပြန်။ သင်သည် ထာဝရဘုရား၏အမိန့်တော်ကိုပယ်သော ကြောင့် ကိုယ်တော်သည်သင့်ကိုဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ'' ဟုဆို၏။
27. ထိုနောက်ရှမွေလသည်လှည့်၍ထွက်ခွာမည်ပြု သောအခါ ရှောလုသည်သူ၏ဝတ်လုံကိုဆွဲ ကိုင်လိုက်သဖြင့်ဝတ်လုံစုတ်သွားလေသည်။-
28. ရှမွေလက``ထာဝရဘုရားသည်ယနေ့ပင် ဣသရေလနိုင်ငံကိုသင့်ထံမှဆွဲယူကာ သင့်ထက်ကောင်းမြတ်သူတစ်ဦး၏လက်သို့ ပေးအပ်တော်မူလေပြီ။-