2. ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာသောအခါ အာမလက် အမျိုးသားတို့ကဆီးတားကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့အားဒဏ်ခတ်တော် မူမည်။-
3. သင်သည်အာမလက်အမျိုးသားတို့အားသွား ရောက်တိုက်ခိုက်လော့။ သူတို့၏ပစ္စည်းဥစ္စာရှိ သမျှကိုဖျက်ဆီးပစ်ရမည်။ တစ်စုံတစ်ခု မျှမကျန်စေနှင့်။ ရှိသမျှယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့များအပြင်ရှိသမျှ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းများကိုသုတ် သင်ဖျက်ဆီးပစ်လော့'' ဟုဆို၏။-
4. ရှောလုသည်တေလိမ်မြို့တွင်မိမိ၏စစ် သည်တပ်သားအပေါင်းကိုစုရုံး၍ကြည့် ရှုစစ်ဆေးရာ ဣသရေလနယ်မှတပ်သား နှစ်သိန်းနှင့်ယုဒနယ်မှတပ်သားတစ် သောင်းရှိသတည်း။-
5. ထိုနောက်သူသည်မိမိစစ်သူရဲများနှင့် အတူ အာမလက်မြို့သို့ချီတက်၍ခြောက် သွေ့နေသောမြစ်ဝှမ်းတွင်တပ်စခန်းချ လျက်နေ၏။-
6. သူသည်ကေနိအမျိုးသားများအား``သင်တို့ သည်ဣသရေလအမျိုးသားတို့အီဂျစ်ပြည် မှထွက်လာကြစဉ်အခါက သူတို့အား ကျေးဇူးပြုခဲ့ကြပါ၏။ သို့ဖြစ်၍သင်တို့ အားငါမသတ်မိစေရန် အာမလက်အမျိုး သားတို့ထံမှတိမ်းရှောင်သွားကြလော့'' ဟု ကြိုတင်သတိပေးထား၏။ ထို့ကြောင့်ကေနိ အမျိုးသားတို့သည်တိမ်းရှောင်သွားကြ လေသည်။
7. ရှောလုသည်ဟဝိလမြို့မှအီဂျစ်ပြည်၏ အရှေ့ဘက်၌ရှိသော ရှုရမြို့တိုင်အောင်အာ မလက်အမျိုးသားတို့အားလိုက်လံတိုက် ခိုက်လေသည်။-
8. သူသည်အာမလက်ဘုရင်အာဂတ်ကိုလက်ရ ဖမ်းဆီးမိ၏။ လူအပေါင်းတို့ကိုမူသုတ်သင် ပစ်၏။-
9. သို့ရာတွင်ရှောလုနှင့်သူ၏တပ်သားတို့သည် အာဂတ်ကို အသက်ချမ်းသာပေး၍အဆူဖြိုး ဆုံးသောသိုးနွားများ၊ အလှဆုံးသောနွား သူငယ်သိုးသူငယ်များနှင့် ကောင်းမွန်သည့် အရာရှိသမျှတို့ကိုမဖျက်မဆီးကြ။ အသုံးမဝင်သောအရာ၊ တန်ဖိုးမရှိသော အရာများကိုသာလျှင်ဖျက်ဆီးပစ်ကြ လေသည်။
12. နံနက်စောစော၌ရှောလုကိုရှာရန်ထွက်ခွာ သွား၏။ ရှောလုသည်ကရမေလမြို့သို့သွား ၍ မိမိအတွက်အမှတ်တရကျောက်တိုင်ကို တည်ဆောက်ကြောင်း၊ ထိုမှတစ်ဆင့်ဂိလဂါလ မြို့သို့ထွက်ခွာသွားကြောင်းရှမွေလကြား သိရ၏။-
13. ရှမွေလသည်ရှောလုရှိသည့်အရပ်သို့ ရောက်သော်ရှောလုက``ကိုယ်တော်အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံခဲ့ပါပြီ'' ဟုဆို၍ကြိုဆို၏။
14. ရှမွေလက``ယင်းသို့ဖြစ်ပါမူအဘယ် ကြောင့်သိုးနွားတို့အော်မြည်သံကိုငါကြား ရပါသနည်း'' ဟုမေး၏။
15. ရှောလုက``အကျွန်ုပ်၏လူတို့သည်ထိုသိုး နွားများကိုအာမလက်အမျိုးသားတို့ထံ မှသိမ်းယူခဲ့ကြပါ၏။ သူတို့သည်အဆူ ဖြိုးဆုံးသောသိုးနွားတို့ကို အရှင်ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထားရှိကြပါ၏။ အခြားကျန်ရှိသည့် အရာများကိုမူလုံးဝဖျက်ဆီး လိုက်ကြပါပြီ'' ဟုဖြေကြား၏။
16. ရှမွေလက``နားထောင်လော့။ ထာဝရဘုရား သည် ငါ့အားယမန်နေ့ညကအဘယ်သို့ မိန့်တော်မူသည်ကိုသင့်အားငါဖော်ပြမည်'' ဟုဆိုလျှင်ရှောလုက``အမိန့်ရှိပါ'' ဟုဆို၏။
17. ရှမွေလက``သင်သည်မိမိကိုယ်ကိုသေး နုတ်သူဟုယူဆသော်လည်း သင်သည်ဣသ ရေလအနွယ်တို့၏ခေါင်းဆောင်ဖြစ်ချေသည်။ ထာဝရဘုရားသည်သင့်အားဣသရေလ ဘုရင်အဖြစ်ဘိသိက်ပေးတော်မူခဲ့၏။-
18. ယုတ်မာသောထိုအာမလက်အမျိုးသားတို့ အား သုတ်သင်ပစ်ရန်အမိန့်ပေး၍သင့်ကိုစေ လွှတ်ခဲ့၏။ ကိုယ်တော်သည်သူတို့အားတစ် ယောက်မကျန်သတ်ဖြတ်ပြီးသည်တိုင်အောင် စစ်တိုက်ရန်မှာကြားတော်မူခဲ့၏။-
19. သင်သည်အဘယ်ကြောင့်ကိုယ်တော်၏အမိန့် တော်ကိုမနာခံပါသနည်း။ အဘယ်ကြောင့် လက်ရပစ္စည်းများကိုမက်မက်မောမောသိမ်း ယူကာ ထာဝရဘုရားမနှစ်သက်သော အမှုကိုပြုဘိသနည်း'' ဟုဆို၏။
20. ရှောလုက``အကျွန်ုပ်သည်အမှန်ပင်ထာဝရ ဘုရား၏အမိန့်တော်ကိုနာခံခဲ့ပါ၏။ ကိုယ် တော်စေခိုင်းတော်မူသည့်အတိုင်းသွားရောက် ၍အာဂတ်မင်းကိုခေါ်ဆောင်ခဲ့ပါ၏။ အာမ လက်အမျိုးသားအပေါင်းကိုလည်းသုတ် သင်ပစ်ခဲ့ပါ၏။-
21. သို့ရာတွင်အကျွန်ုပ်၏လူတို့သည်မိမိတို့ လက်ရအဆူဖြိုးဆုံးသိုးနွားများကိုမ သတ်ဘဲ အရှင်၏ဘုရားသခင်ထာဝရ ဘုရားအားယဇ်ပူဇော်ရန် ဤဂိလဂါလ မြို့သို့ယူဆောင်ခဲ့ကြပါ၏'' ဟုပြန်လည် ဖြေကြား၏။