1. ရှမွေလသည်ရှောလုအား``ထာဝရဘုရား သည်မိမိ၏လူစုဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ် သင့်အားဘိသိက်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။ သို့ဖြစ်၍အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ သောစကားကိုနားထောင်လော့။-
2. ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာသောအခါ အာမလက် အမျိုးသားတို့ကဆီးတားကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့အားဒဏ်ခတ်တော် မူမည်။-
3. သင်သည်အာမလက်အမျိုးသားတို့အားသွား ရောက်တိုက်ခိုက်လော့။ သူတို့၏ပစ္စည်းဥစ္စာရှိ သမျှကိုဖျက်ဆီးပစ်ရမည်။ တစ်စုံတစ်ခု မျှမကျန်စေနှင့်။ ရှိသမျှယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့များအပြင်ရှိသမျှ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းများကိုသုတ် သင်ဖျက်ဆီးပစ်လော့'' ဟုဆို၏။-
4. ရှောလုသည်တေလိမ်မြို့တွင်မိမိ၏စစ် သည်တပ်သားအပေါင်းကိုစုရုံး၍ကြည့် ရှုစစ်ဆေးရာ ဣသရေလနယ်မှတပ်သား နှစ်သိန်းနှင့်ယုဒနယ်မှတပ်သားတစ် သောင်းရှိသတည်း။-
10-11. ထာဝရဘုရားသည်ရှမွေလအား``ရှောလုကို ဘုရင်ခန့်မိသည်မှာမှားလေစွ။ သူသည်ငါ့အား ကျောခိုင်းကာငါ၏အမိန့်တော်တို့ကိုလွန်ဆန် ခဲ့လေပြီ'' ဟုမိန့်တော်မူ၏။ ရှမွေလသည် ဒေါသထွက်၏။ သူသည်တစ်ညဥ့်လုံးထာဝရ ဘုရားအားလျှောက်လဲအသနားခံပြီးနောက်၊-