4-5. မိတ်မတ်တောင်ကြားလမ်း တစ်ဘက်တစ်ချက် တွင် ကျောက်အငူကြီးတစ်ခုစီရှိ၏။ ကျောက် အငူကြီးတစ်ခုမှာဗောဇက်ဟုနာမည် တွင်၏။ ယင်းသည်တောင်ကြားလမ်း၏မြောက် ဘက်တွင်တည်ရှိ၍ မိတ်မတ်မြို့ကိုမျက်နှာ မူလျက်နေ၏။ အခြားကျောက်အငူကြီး မှာသေနေဟုနာမည်တွင်၏။ ယင်းသည်တောင် ကြားလမ်း၏တောင်ဘက်တွင်တည်ရှိ၍ ဂိဗာ မြို့ကိုမျက်နှာမူလျက်နေ၏။ ယောနသန် သည်ဖိလိတ္တိတပ်စခန်းသို့ဝင်ရာ၌ ဤ တောင်ကြားလမ်းကိုဖြတ်သွားရ၏။
33. ယင်းသို့လူတို့သည်သွေးသံရဲရဲနှင့်စား သောက်ကာ ထာဝရဘုရားအားပြစ်မှား ကြကြောင်းကိုရှောလုအားလျှောက်ထား ကြသောအခါ၊ရှောလုက``သင်တို့သည်သစ္စာဖောက်ကြလေ ပြီတကား။ ကျောက်တုံးကြီးကိုဤအရပ် သို့လှိမ့်ယူခဲ့ကြလော့'' ဟုဆို၏။-
34. ထိုနောက်သူက``လူတို့ထံသို့သွား၍သူ တို့၏နွားများတို့ကို ဤနေရာသို့ယူဆောင် လာစေ။ သူတို့သည်တိရစ္ဆာန်များကိုဤနေ ရာတွင်သတ်၍စားကြစေ။ သွေးပါသည့် အသားကိုစားခြင်းအားဖြင့်ထာဝရဘုရား ကိုမပြစ်မှားစေနှင့်'' ဟုမိန့်တော်မူ၏။ သို့ ဖြစ်၍ထိုည၌လူတို့သည်မိမိတို့၏သိုး နွားများကို ထိုနေရာသို့ယူဆောင်လာပြီး လျှင်သတ်ကြ၏။-
35. ရှောလုသည်ထာဝရဘုရားအဖို့ယဇ်ပလ္လင် ကိုတည်ဆောက်တော်မူ၏။ ထိုယဇ်ပလ္လင်ကား ပထမဆုံးအကြိမ်ရှောလုတည်ဆောက် သည့်ယဇ်ပလ္လင်ဖြစ်သတည်း။
36. ရှောလုသည်မိမိ၏လူတို့အား``ငါတို့သည် ဖိလိတ္တိအမျိုးသားတို့အားညဥ့်အခါ သွား ရောက်တိုက်ခိုက်ကြကုန်အံ့။ မိုးလင်းသည်တိုင် အောင်သူတို့အားလုယက်၍တစ်ယောက်မကျန် သုတ်သင်ပစ်ကြကုန်အံ့'' ဟုမိန့်တော်မူလျှင် လူတို့က``စိတ်တော်ရှိသည်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြ၏။သို့ရာတွင်ယဇ်ပုရောဟိတ်က``ငါတို့သည် ဦးစွာထာဝရဘုရားအားမေးမြန်း လျှောက်ထားကြကုန်အံ့'' ဟုဆို၏။
37. ထို့ကြောင့်ရှောလုသည်ဘုရားသခင်အား``ကျွန် တော်မျိုးတို့သည်ဖိလိတ္တိအမျိုးသားတို့ကို တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားအောင်ပွဲခံစေတော်မူ ပါမည်လော'' ဟုမေးလျှောက်၏။ သို့ရာတွင် ထာဝရဘုရားသည်ထိုနေ့၌ဖြေကြား တော်မမူ။-
38. ထိုအခါရှောလုသည်လူတို့၏ခေါင်းဆောင် များအား``ချဉ်းကပ်လာကြလော့။ ယနေ့ငါ တို့အဘယ်အပြစ်ကိုကူးလွန်မိကြသည် ကိုစစ်ဆေးကြလော့။-
39. အပြစ်ရှိသူသည်ငါ၏သားယောနသန်ပင် ဖြစ်စေကာမူသေဒဏ်ခံရလိမ့်မည်ဖြစ် ကြောင်း ဣသရေလအမျိုးသားတို့၏ကယ် တင်ရှင်တည်းဟူသော အသက်ရှင်တော်မူ သောဘုရားကိုတိုင်တည်၍ငါကတိပြုပါ ၏'' ဟုမိန့်တော်မူ၏။ ထိုအခါအဘယ်သူ မျှပြန်လည်လျှောက်ထားခြင်းမပြုကြ သဖြင့်၊-
40. ရှောလုက``သင်တို့သည်ထိုနေရာတွင်ရပ် ၍နေကြလော့။ ယောနသန်နှင့်ငါမူကား ဤနေရာတွင်ရပ်၍နေကြအံ့'' ဟုဆို၏။လူတို့ကလည်း``အရှင်စိတ်တော်ရှိသည် အတိုင်းပြုတော်မူပါ'' ဟုလျှောက်ကြ၏။
41. ရှောလုသည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအားယနေ့ဖြေကြား တော်မမူပါသနည်း။ အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ကျောက်တော် များအားဖြင့်ကျွန်တော်မျိုးအားဖြေကြားတော် မူပါ။ ယောနသန်၌ဖြစ်စေ၊ ကျွန်တော်မျိုး၌ ဖြစ်စေအပြစ်ရှိပါလျှင်ဥရိမ်ကျောက် မဲကျစေတော်မူပါ။ ကိုယ်တော်ရှင်၏လူမျိုးတော် ဣသရေလအမျိုးသားတို့၌အပြစ်ရှိပါလျှင် သုမိမ်ကျောက်ကိုမဲကျစေတော်မူပါ'' ဟုလျှောက် ထား၏။ ထိုအခါရှောလုနှင့်ယောနသန်တို့တွင် အပြစ်ရှိကြောင်းမဲကျသဖြင့် ဣသရေလ အမျိုးသားတို့အပြစ်လွတ်ကြကုန်၏။-
42. ထိုအခါရှောလုက``ငါ့သားယောနသန်နှင့် ငါ့အားမဲချဦးလော့'' ဟုဆိုလျှင်ယောန သန်မဲကျလေ၏။-
43. ထိုအခါရှောလုသည်ယောနသန်အား``သင် အဘယ်အမှုကိုပြုသနည်း'' ဟုမေး၏။ယောနသန်က``အကျွန်ုပ်သည်ပျားရည်အနည်း ငယ်ကိုစားမိပါ၏။ အမိန့်တော်အတိုင်းသေ ဒဏ်ခံရန်အကျွန်ုပ်အသင့်ရှိပါ၏'' ဟုလျှောက် လျှင်၊