၁ ရာ 14:27-36 Common Language Bible (BCL)

27. ယော​န​သန်​မူ​ကား​ခ​မည်း​တော်​ကျိန်​ဆဲ​ခဲ့ သည်​ကို​မ​ကြား​ခဲ့​ပေ။ ထို့​ကြောင့်​သူ​သည် မိ​မိ​တွင်​ပါ​သော​တုတ်​ချောင်း​ဖြင့် ပျား​လ​ပို့ တွင်​နှစ်​၍​ပျား​ရည်​အ​နည်း​ငယ်​ကို​စား​လေ သည်။ ထို​အ​ခါ​သူ​သည်​ချက်​ချင်း​ပင်​လန်း ဆန်း​၍​လာ​၏။-

28. ထို့​ကြောင့်​တပ်​သား​တစ်​ယောက်​က``အ​ကျွန်ုပ် တို့​အား​လုံး​ပင်​နွမ်း​နယ်​လျက်​နေ​ကြ​ပါ​၏။ သို့​သော်​အ​ရှင့်​ခမည်း​တော်​က`ယ​နေ့​အ​စား အ​စာ​စား​သူ​သည်​ကျိန်​စာ​သင့်​ပါ​စေ' ဟု ကျိန်​ဆို​ထား​ပါ​၏'' ဟု​ဆို​၏။

29. ယော​န​သန်​က``ငါ​တို့​အ​မျိုး​သား​များ​အား ခ​မည်း​တော်​ပြု​သော​အ​မှု​သည်​ဆိုး​ရွား​လှ ပါ​သည်​တ​ကား။ ပျား​ရည်​အ​နည်း​ငယ်​ကို စား​ရ​သ​ဖြင့်​ငါ​အ​ဘယ်​မျှ​လန်း​ဆန်း​လာ သည်​ကို​ကြည့်​လော့။-

30. အ​ကယ်​၍​ငါ​တို့​အ​မျိုး​သား​များ​သည် ရန်​သူ​ထံ​မှ​ရ​ရှိ​သည်​အ​စား​အ​စာ​ကို​စား ခဲ့​ရ​ကြ​လျှင် အ​ဘယ်​မျှ​လောက်​အ​ကျိုး​ရှိ လိမ့်​မည်​နည်း။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို အ​ဘယ်​မျှ​ပို​မို​သတ်​ဖြတ်​နိုင်​ခဲ့​မည်​ကို သာ​စဉ်း​စား​၍​ကြည့်​ကြ​လော့'' ဟု​ပြန် ပြော​၏။

31. ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် ဖိလိတ္တိ​အ​မျိုး​သား​တို့​အား မိတ်​မတ်​မြို့​မှ အာ​ဇ​လုန်​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက် နှိမ်​နင်း​ခဲ့​ကြ​ပြီး​သည်​နောက် အ​စာ​မ​စား ရ​သ​ဖြင့်​ပင်​ပန်း​နွမ်း​နယ်​လျက်​ရှိ​ကြ​၏။-

32. ထို့​ကြောင့်​သူ​တို့​သည်​ရန်​သူ​များ​လက်​မှ သိမ်း​ဆည်း​ရ​မိ​သည့်​ပစ္စည်း​များ​ရှိ​ရာ​သို့ ပြေး​ပြီး​လျှင် သိုး၊ ဆိတ်၊ နွား​များ​ကို​ယူ ဆောင်​ကာ​ထို​နေ​ရာ​၌​ပင်​သတ်​၍​သွေး သံ​ရဲ​ရဲ​နှင့်​စား​ကြ​၏။-

33. ယင်း​သို့​လူ​တို့​သည်​သွေး​သံ​ရဲ​ရဲ​နှင့်​စား သောက်​ကာ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​ကြောင်း​ကို​ရှော​လု​အား​လျှောက်​ထား ကြ​သော​အ​ခါ၊ရှော​လု​က``သင်​တို့​သည်​သစ္စာ​ဖောက်​ကြ​လေ ပြီ​တ​ကား။ ကျောက်​တုံး​ကြီး​ကို​ဤ​အ​ရပ် သို့​လှိမ့်​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို​၏။-

34. ထို​နောက်​သူ​က``လူ​တို့​ထံ​သို့​သွား​၍​သူ တို့​၏​နွား​များ​တို့​ကို ဤ​နေ​ရာ​သို့​ယူ​ဆောင် လာ​စေ။ သူ​တို့​သည်​တိ​ရစ္ဆာန်​များ​ကို​ဤ​နေ ရာ​တွင်​သတ်​၍​စား​ကြ​စေ။ သွေး​ပါ​သည့် အသား​ကို​စား​ခြင်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား ကို​မ​ပြစ်​မှား​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သို့ ဖြစ်​၍​ထို​ည​၌​လူ​တို့​သည်​မိ​မိ​တို့​၏​သိုး နွား​များ​ကို ထို​နေ​ရာ​သို့​ယူ​ဆောင်​လာ​ပြီး လျှင်​သတ်​ကြ​၏။-

35. ရှော​လု​သည်​ထာဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ဆောက်​တော်​မူ​၏။ ထို​ယဇ်​ပလ္လင်​ကား ပ​ထ​မ​ဆုံး​အ​ကြိမ်​ရှော​လု​တည်​ဆောက် သည့်​ယဇ်​ပလ္လင်​ဖြစ်​သ​တည်း။

36. ရှော​လု​သည်​မိ​မိ​၏​လူ​တို့​အား``ငါ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ညဥ့်​အ​ခါ သွား ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ မိုး​လင်း​သည်​တိုင် အောင်​သူ​တို့​အား​လု​ယက်​၍​တစ်​ယောက်​မ​ကျန် သုတ်​သင်​ပစ်​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​လျှင် လူ​တို့​က``စိတ်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​က``ငါ​တို့​သည် ဦး​စွာ​ထာ​ဝ​ရ​ဘု​ရား​အား​မေး​မြန်း လျှောက်​ထား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။

၁ ရာ 14