၁ ရာ 14:11-14 Common Language Bible (BCL)

11. ထို့​ကြောင့်​သူ​တို့​နှစ်​ဦး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား​ကိုယ်​ရိပ်​ပြ​ကြ​၏။ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က``ကြည့်​လော့။ ဟေ​ဗြဲ​အ​မျိုး သား​အ​ချို့​တို့​သည် မိ​မိ​တို့​ပုန်း​ကွယ်​ရာ​မြေ တွင်း​များ​မှ​ထွက်​လာ​လေ​ပြီ'' ဟု​ဆို​ပြီး လျှင်၊-

12. ယော​န​သန်​နှင့်​သူ​ငယ်​အား``ဤ​အ​ရပ်​သို့ လာ​ခဲ့​လော့။ သင်​တို့​အား​ငါ​တို့​ပြော​စ​ရာ ရှိ​သည်'' ဟု​ဟစ်​အော်​၍​ဖိတ်​ခေါ်​ကြ​၏။ယော​န​သန်​သည်​သူ​ငယ်​အား``ငါ့​နောက်​ကို လိုက်​ခဲ့​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား အောင်​ပွဲ​ကို ပေး​တော်​မူ​ပြီ'' ဟု​ဆို​ပြီး​လျှင်၊-

13. တောင်​ကြား​လမ်း​ထဲ​မှ​လေး​ဖက်​တွား​၍​ထွက် လာ​ခဲ့​၏။ လူ​ငယ်​သည်​လည်း​သူ​၏​နောက်​မှ လိုက်​လာ​လေ​သည်။ ယော​န​သန်​သည်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​အား​ခုတ်​လှဲ​၍​လူ​ငယ်​က သူ​တို့​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-

14. ဤ​ပ​ထ​မ​လူ​သတ်​ပွဲ​တွင်​ယော​န​သန်​နှင့် သူ​ငယ်​တို့​၏​လက်​ချက်​ဖြင့် ဧ​က​ဝက်​ခန့် ရှိ​သော​နယ်​မြေ​တွင်​လူ​ပေါင်း​နှစ်​ဆယ်​ခန့် သေ​သ​တည်း။-

၁ ရာ 14