1-2. ရှောလုသည်လူသုံးထောင်ကိုရွေးချယ်ပြီး လျှင် နှစ်ထောင်ကိုမိမိနှင့်အတူမိတ်မတ်မြို့နှင့် ဗေသလတောင်ကုန်းဒေသအတွက်ခေါ်ထား၏။ တစ်ထောင်ကိုမိမိ၏သားယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်ဂိဗာမြို့သို့စေလွှတ်လိုက်၏။ အခြား လူအပေါင်းတို့ကိုမူ မိမိတို့နေရပ်အသီးသီး သို့ပြန်စေလေသည်။
3. ယောနသန်သည် ဂေဗာမြို့ရှိဖိလိတ္တိတပ်မှူး ကိုသတ်ဖြတ်လိုက်၏။ ထိုသတင်းကိုဖိလိတ္တိ အမျိုးသားအပေါင်းတို့ကြားကြ၏။ ထို အခါရှောလုသည်စေတမန်များအား ဣသ ရေလပြည်တစ်လျှောက်လုံးသို့လွှတ်ကာဟေဗြဲ အမျိုးသားတို့အားစစ်ပွဲဝင်ကြရန်တံပိုး ခရာမှုတ်၍စုရုံးစေ၏။-
4. ဖိလိတ္တိတပ်မှူးအားရှောလုသတ်ဖြတ်လိုက် ကြောင်းနှင့် ဖိလိတ္တိအမျိုးသားတို့သည် ဣသရေလအမျိုးသားတို့အားမုန်းတီး ကြောင်းကို ဣသရေလအမျိုးသားတို့ကြား သိရသဖြင့် ရှောလု၏ဆင့်ဆိုချက်အတိုင်း ဂိလဂါလမြို့သို့လာရောက်စုရုံးကြ၏။
5. ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားတိုက်ခိုက်ရန်စုဝေး ကြ၏။ သူတို့မှာစစ်ရထားသုံးသောင်း၊ မြင်း စီးသူရဲခြောက်ထောင်နှင့်သမုဒ္ဒရာသဲလုံး ကဲ့သို့မရေမတွက်နိုင်အောင် များပြားသော စစ်သည်တပ်သားများရှိသတည်း။ သူတို့ သည်ချီတက်၍ဗေသဝင်မြို့အရှေ့ဘက် ရှိမိတ်မတ်မြို့တွင်စခန်းချကြ၏။-
6. ထိုနောက်ဣသရေလအမျိုးသားတို့အား ပြင်းထန်စွာတိုက်ခိုက်၍ဖရိုဖရဲဖြစ်စေ လေသည်။ ဣသရေလအမျိုးသားအချို့ တို့သည်ဥမင်၊ ကျောက်ကြား၊ ရေတွင်း၊ မြေ တွင်းစသည်တို့၌ပုန်းအောင်းနေကြ၏။-
7. အချို့တို့ကမူယော်ဒန်မြစ်ကိုဖြတ်ကူး ကာဂဒ်နှင့်ဂိလဒ်နယ်များသို့ထွက်ပြေး ကြ၏။ရှောလုသည်ဂိလဂါလမြို့တွင်ပင်ရှိနေ သေး၏။ သူနှင့်အတူရှိသည့်တပ်သားတို့ သည်ကြောက်လန့်တုန်လှုပ်လျက်နေကြ၏။-