5. ရှမွေလက``ငါ၌လုံးဝအပြစ်မရှိကြောင်း သင်တို့တွေ့ရှိချက်ကိုထာဝရဘုရား သက်သေဖြစ်တော်မူ၏။ ကိုယ်တော်ဘိသိက် ပေးတော်မူသောဘုရင်သည်လည်းသက်သေ ဖြစ်တော်မူ၏'' ဟုဆိုလျှင်၊လူတို့က``မှန်ပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏သက်သေဖြစ်တော်မူပါ သည်'' ဟုဆိုကြ၏။
6. ရှမွေလသည်ဆက်လက်၍``မောရှေနှင့်အာရုန် တို့ကိုရွေးချယ်တော်မူသောသင်တို့၏ဘိုး ဘေးများအား အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောအရှင်ကားထာဝရ ဘုရားပင်ဖြစ်၏။-
7. သင်တို့သည်ယခုထ၍ရပ်ကြလော့။ ထာဝရ ဘုရား၏ရှေ့တော်တွင်သင်တို့ကိုငါပြစ်တင် စွပ်စွဲမည်။ ကိုယ်တော်သည်သင်တို့နှင့်ဘိုးဘေး တို့အား မဟာအမှုတော်များအားဖြင့်ကယ် ဆယ်တော်မူခဲ့ပုံကိုသတိရကြလော့။-
8. ယာကုပ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် အီဂျစ်ပြည်သို့သွားရောက်ကြသောအခါ အီဂျစ်အမျိုးသားတို့သည်သူတို့အား နှိပ်စက်ကလူပြုကြ၏။ ထိုအခါသင်တို့ ၏ဘိုးဘေးများသည် ထာဝရဘုရားအား ကယ်တော်မူရန်ဟစ်အော်တောင်းလျှောက် ကြသဖြင့် ကိုယ်တော်သည်မောရှေနှင့်အာရုန် တို့ကိုစေလွှတ်တော်မူ၏။ ထိုသူနှစ်ဦးတို့ သည်သင်တို့၏ဘိုးဘေးများအား အီဂျစ် ပြည်မှထုတ်ဆောင်ကာဤပြည်တွင်နေရာ ချထားပေးကြ၏။-
9. သို့ရာတွင်လူတို့သည်မိမိတို့အရှင်ထာ ဝရဘုရားအားမေ့လျော့သွားကြသဖြင့် ကိုယ်တော်သည်ဖိလိတ္တိအမျိုးသားများ အားလည်းကောင်း၊ မောဘဘုရင်နှင့်ဟာဇော် တပ်မှူးသိသရအားလည်းကောင်းသူတို့ ကိုတိုက်ခိုက်နှိမ်နင်းခွင့်ပြုတော်မူ၏။-