၁ ရာ 12:3-13 Common Language Bible (BCL)

3. ယ​ခု​ငါ​ရှိ​နေ​သေး​စဉ်​အ​ကယ်​၍​ငါ့​မှာ အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​က ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ဘိ သိက်​ပေး​တော်​မူ​သည့်​ဘု​ရင်​၏​ရှေ့​တွင်​လည်း ကောင်း သင်​တို့​သည်​ယ​ခု​ငါ့​အား​စွပ်​စွဲ​ဖော် ပြ​ကြ​လော့။ ငါ​သည်​အ​ဘယ်​သူ​၏​နွား​ကို ယူ​ဖူး​ပါ​သ​နည်း။ အ​ဘယ်​သူ​၏​မြည်း​ကို မ​တ​ရား​သိမ်း​ယူ​ဖူး​ပါ​သ​နည်း။ ငါ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား​လိမ်​လည်​လှည့် စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှင်း​ဆဲ​နှိပ် စက်​မှု​ကို​သော်​လည်း​ကောင်း​ပြု​ခဲ့​ဖူး​ပါ သ​လော။ တံ​စိုး​လက်​ဆောင်​ယူ​ဖူး​ပါ​သ လော။ ဤ​အ​မှု​တစ်​ခု​ခု​ကို​ပြု​မိ​ခဲ့​သော် ငါ​သည်​မိ​မိ​ယူ​မိ​သည့်​အ​ရာ​ကို​ပြန် ၍​ပေး​လျော်​ပါ​အံ့'' ဟု​ဆို​၏။

4. လူ​တို့​က``အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​အား​လိမ် လည်​လှည့်​စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှဉ်း ဆဲ​နှိပ်​စက်​မှု​ကို​သော်​လည်း​ကောင်း​မ​ပြု​ခဲ့ ပါ။ မည်​သူ​၏​ပစ္စည်း​ဥစ္စာ​ကို​မျှ​လည်း​မ​ယူ ခဲ့​ဖူး​ပါ'' ဟု​လျှောက်​ကြ​၏။

5. ရှ​မွေ​လ​က``ငါ​၌​လုံး​ဝ​အ​ပြစ်​မ​ရှိ​ကြောင်း သင်​တို့​တွေ့​ရှိ​ချက်​ကို​ထာ​ဝ​ရ​ဘု​ရား သက်​သေ​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​သည်​လည်း​သက်​သေ ဖြစ်​တော်​မူ​၏'' ဟု​ဆို​လျှင်၊လူ​တို့​က``မှန်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​၏​သက်​သေ​ဖြစ်​တော်​မူ​ပါ သည်'' ဟု​ဆို​ကြ​၏။

6. ရှ​မွေ​လ​သည်​ဆက်​လက်​၍``မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​ရွေး​ချယ်​တော်​မူ​သော​သင်​တို့​၏​ဘိုး ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ ဘု​ရား​ပင်​ဖြစ်​၏။-

7. သင်​တို့​သည်​ယ​ခု​ထ​၍​ရပ်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​သင်​တို့​ကို​ငါ​ပြစ်​တင် စွပ်​စွဲ​မည်။ ကိုယ်​တော်​သည်​သင်​တို့​နှင့်​ဘိုး​ဘေး တို့​အား မ​ဟာ​အ​မှု​တော်​များ​အား​ဖြင့်​ကယ် ဆယ်​တော်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။-

8. ယာ​ကုပ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​ကြ​သော​အ​ခါ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​အား နှိပ်​စက်​က​လူ​ပြု​ကြ​၏။ ထို​အ​ခါ​သင်​တို့ ၏​ဘိုး​ဘေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​အား ကယ်​တော်​မူ​ရန်​ဟစ်​အော်​တောင်း​လျှောက် ကြ​သ​ဖြင့် ကိုယ်​တော်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​နှစ်​ဦး​တို့ သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ကာ​ဤ​ပြည်​တွင်​နေ​ရာ ချ​ထား​ပေး​ကြ​၏။-

9. သို့​ရာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​အား​မေ့​လျော့​သွား​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ အား​လည်း​ကောင်း၊ မော​ဘ​ဘု​ရင်​နှင့်​ဟာ​ဇော် တပ်​မှူး​သိ​သ​ရ​အား​လည်း​ကောင်း​သူ​တို့ ကို​တိုက်​ခိုက်​နှိမ်​နင်း​ခွင့်​ပြု​တော်​မူ​၏။-

10. ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကူ​မ​တော်​မူ​ရန် ဟစ်​အော်​လျက်`အ​ကျွန်ုပ်​တို့ သည်​အ​ပြစ်​ကူး​လွန်​မိ​ကြ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပယ်​၍​ဗာ​လ​ဘု​ရား​နှင့် အာ​ရှ တ​ရက်​ဘု​ရား​မ​တို့​၏​ရုပ်​တု​များ​ကို​ဝတ် ပြု​ရှိ​ခိုး​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​အား​ရန် သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​ကို​ဝတ်​ပြု​ကိုး​ကွယ်​ပါ မည်' ဟု​လျှောက်​ထား​ကြ​၏။-

11. ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်၊ ထို နောက်​ဗာ​ရက်၊ ထို​နောက်​ယေ​ဖ​သ၊ နောက်​ဆုံး ၌​ငါ့​အား​စေ​လွှတ်​တော်​မူ​၏။ ငါ​တို့​အ​သီး သီး​သည်​သင်​တို့​အား​ရန်​သူ​များ​လက်​မှ ကယ်​ခဲ့​ကြ​သ​ဖြင့် သင်​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။-

12. သို့​ရာ​တွင်​သင်​တို့​အား​အမ္မုန်​ဘု​ရင်​နာ​ဟတ် က​တိုက်​ခိုက်​မည်​ပြု​သော​အ​ခါ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရင်​အ​ဖြစ်​မှ​ပစ် ပယ်​ကာ​သင်​တို့​ကို​အုပ်​စိုး​မည့်​ဘု​ရင်​ကို ခန့်​ပေး​ရန်​ငါ့​ထံ​တွင်​တောင်း​ဆို​ကြ​၏။

13. ``သင်​တို့​ရွေး​ချယ်​သည့်​ဘု​ရင်​သည်​ယ​ခု​သင် တို့​ရှေ့​မှောက်​တွင်​ရှိ​၏။ သင်​တို့​တောင်း​ဆို​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​လေ​ပြီ။-

၁ ရာ 12