15. ``သို့ရာတွင်သင်တို့သည်ထာဝရဘုရား ၏စကားကိုနားမထောင်ဘဲ အမိန့်တော်ကို လွန်ဆန်ကြပါလျှင် ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရင်အားဆန့်ကျင်ဘက် ပြုတော်မူလိမ့်မည်။-
16. သို့ဖြစ်၍သင်တို့သည်မိမိတို့ရှိရာအရပ် တွင်ရပ်နေကြလော့။ ထာဝရဘုရားပြ တော်မူမည့်တန်ခိုးတော်ကိုမြင်ရကြ လိမ့်မည်။-
17. ယခုအခါသည်ခြောက်သွေ့သောရာသီဖြစ် ၏။ သို့ရာတွင်ငါဆုတောင်းပတ္ထနာပြုလျှင် ထာဝရဘုရားသည်မိုးကိုထစ်ချုန်းစွာ ရွာသွန်းစေတော်မူလိမ့်မည်။ ထိုအခါဘုရင် ကိုသင်တို့တောင်းဆိုမိသည့်အပြစ်သည် အဘယ်မျှကြီးလေးကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုဆို၏။
18. ရှမွေလသည်ဆုတောင်းပတ္ထနာပြုသဖြင့်ထို နေ့၌ပင်လျှင် ထာဝရဘုရားသည်မိုးကိုထစ် ချုန်းစွာရွာသွန်းစေတော်မူ၏။ ထိုအခါလူ အပေါင်းတို့သည်ထာဝရဘုရားနှင့် ရှမွေလ အားကြောက်လန့်ကြသည်ဖြစ်၍၊-
19. ရှမွေလအား``အရှင်၊ အကျွန်ုပ်တို့မသေရလေ အောင် အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ကျွန်ုပ်တို့အဖို့ဆုတောင်းတော်မူပါ။ ကျွန်ုပ်တို့ သည်ရှင်ဘုရင်ကိုတောင်းသောကြောင့်အပြစ် များတို့အပေါ်မှာထပ်ဆင့်၍အပြစ်ကိုပြု မိပါပြီ'' ဟုဆို၏။
20. ရှမွေလက``မကြောက်ကြနှင့်။ သင်တို့သည် ဤသို့ဆိုးယုတ်သည့်အမှုကိုပြုခဲ့မိသော် လည်း ထာဝရဘုရားကိုမစွန့်ပယ်ကြနှင့်။ ကိုယ်တော်အားစိတ်နှလုံးအကြွင်းမဲ့ဝတ်ပြု ကိုးကွယ်ကြလော့။-
21. ဘုရားအတုအယောင်တို့နောက်သို့မလိုက်ကြ နှင့်။ ထိုဘုရားများသည်ဘုရားအစစ်မဟုတ် သဖြင့်သင်တို့အားကူမရန်သော်လည်းကောင်း၊ ကယ်တင်ရန်သော်လည်းကောင်းမတတ်နိုင်ကြ။-
22. ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။-
23. ငါသည်သင်တို့အတွက်ဆုတောင်းပတ္ထနာမပြု ဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှား ခြင်းမှကင်းဝေးပါစေသော။ ငါသည်သင်တို့ အားကောင်းရာမှန်ရာကိုသာလျှင်သင်ကြား ပေးမည်။-
24. ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍စိတ် နှလုံးအကြွင်းမဲ့သစ္စာနှင့်ဝတ်ပြုကြလော့။ သင်တို့သည်ကိုယ်တော်ပြုတော်မူခဲ့သည့်ထူး မြတ်သောအမှုတော်တို့ကိုအောက်မေ့သတိရ ကြလော့။-
25. သို့ရာတွင်သင်တို့သည်အပြစ်ကူးမြဲကူး နေကြပါမူ ဘုရင်နှင့်တကွသင်တို့ဆုံးပါး ပျက်စီးရကြလိမ့်မည်'' ဟုလူတို့အားမိန့်ဆို လေ၏။