၁ ရာ 12:12-24 Common Language Bible (BCL)

12. သို့​ရာ​တွင်​သင်​တို့​အား​အမ္မုန်​ဘု​ရင်​နာ​ဟတ် က​တိုက်​ခိုက်​မည်​ပြု​သော​အ​ခါ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရင်​အ​ဖြစ်​မှ​ပစ် ပယ်​ကာ​သင်​တို့​ကို​အုပ်​စိုး​မည့်​ဘု​ရင်​ကို ခန့်​ပေး​ရန်​ငါ့​ထံ​တွင်​တောင်း​ဆို​ကြ​၏။

13. ``သင်​တို့​ရွေး​ချယ်​သည့်​ဘု​ရင်​သည်​ယ​ခု​သင် တို့​ရှေ့​မှောက်​တွင်​ရှိ​၏။ သင်​တို့​တောင်း​ဆို​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​လေ​ပြီ။-

14. သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​စွာ​ဝတ်​ပြု​ကိုး​ကွယ် လျက် အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ဘဲ​စ​ကား တော်​ကို​လိုက်​နာ​၍ သင်​တို့​၏​ဘု​ရင်​နှင့်​အ​တူ ကိုယ်​တော်​၏​ကျေး​ဇူး​သစ္စာ​တော်​ကို​စောင့်​ထိန်း ကြ​လျှင်​သင်​တို့​၏​ဘ​ဝ​သာ​ယာ​လိမ့်​မည်။-

15. ``သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​မိန့်​တော်​ကို လွန်​ဆန်​ကြ​ပါ​လျှင် ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရင်​အား​ဆန့်​ကျင်​ဘက် ပြု​တော်​မူ​လိမ့်​မည်။-

16. သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ရှိ​ရာ​အ​ရပ် တွင်​ရပ်​နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြ တော်​မူ​မည့်​တန်​ခိုး​တော်​ကို​မြင်​ရ​ကြ လိမ့်​မည်။-

17. ယ​ခု​အ​ခါ​သည်​ခြောက်​သွေ့​သော​ရာ​သီ​ဖြစ် ၏။ သို့​ရာ​တွင်​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ်​ချုန်း​စွာ ရွာ​သွန်း​စေ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​ဘု​ရင် ကို​သင်​တို့​တောင်း​ဆို​မိ​သည့်​အ​ပြစ်​သည် အ​ဘယ်​မျှ​ကြီး​လေး​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​ဆို​၏။

18. ရှ​မွေ​လ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြုသ​ဖြင့်​ထို နေ့​၌​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ် ချုန်း​စွာ​ရွာ​သွန်း​စေ​တော်​မူ​၏။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ အား​ကြောက်​လန့်​ကြ​သည်​ဖြစ်​၍၊-

19. ရှ​မွေ​လ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​မ​သေ​ရ​လေ အောင် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ​ဘု​ရား​ထံ ကျွန်ုပ်​တို့​အ​ဖို့​ဆု​တောင်း​တော်​မူ​ပါ။ ကျွန်ုပ်​တို့ သည်​ရှင်​ဘု​ရင်​ကို​တောင်း​သော​ကြောင့်​အ​ပြစ် များ​တို့​အ​ပေါ်​မှာ​ထပ်​ဆင့်​၍​အ​ပြစ်​ကို​ပြု မိ​ပါ​ပြီ'' ဟု​ဆို​၏။

20. ရှ​မွေ​လ​က``မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် ဤ​သို့​ဆိုး​ယုတ်​သည့်​အ​မှု​ကို​ပြု​ခဲ့​မိ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​ကို​မ​စွန့်​ပယ်​ကြ​နှင့်။ ကိုယ်​တော်​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။-

21. ဘု​ရား​အ​တု​အ​ယောင်​တို့​နောက်​သို့​မ​လိုက်​ကြ နှင့်။ ထို​ဘု​ရား​များ​သည်​ဘု​ရား​အ​စစ်​မ​ဟုတ် သ​ဖြင့်​သင်​တို့​အား​ကူ​မ​ရန်​သော်​လည်း​ကောင်း၊ ကယ်​တင်​ရန်​သော်​လည်း​ကောင်း​မ​တတ်​နိုင်​ကြ။-

22. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပြီး​ဖြစ်​၏။ ထို့ ကြောင့်​ကိုယ်​တော်​သည်​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​အား​စွန့်​ပစ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။-

23. ငါ​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ဘဲ​နေ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား ခြင်း​မှ​ကင်း​ဝေး​ပါ​စေ​သော။ ငါ​သည်​သင်​တို့ အား​ကောင်း​ရာ​မှန်​ရာ​ကို​သာ​လျှင်​သင်​ကြား ပေး​မည်။-

24. ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​စိတ် နှ​လုံး​အ​ကြွင်း​မဲ့​သစ္စာ​နှင့်​ဝတ်​ပြု​ကြ​လော့။ သင်​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သည့်​ထူး မြတ်​သော​အ​မှု​တော်​တို့​ကို​အောက်​မေ့​သ​တိ​ရ ကြ​လော့။-

၁ ရာ 12