11. ထို့ကြောင့်ထာဝရဘုရားသည်ဂိဒေါင်၊ ထို နောက်ဗာရက်၊ ထိုနောက်ယေဖသ၊ နောက်ဆုံး ၌ငါ့အားစေလွှတ်တော်မူ၏။ ငါတို့အသီး သီးသည်သင်တို့အားရန်သူများလက်မှ ကယ်ခဲ့ကြသဖြင့် သင်တို့သည်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြ၏။-
12. သို့ရာတွင်သင်တို့အားအမ္မုန်ဘုရင်နာဟတ် ကတိုက်ခိုက်မည်ပြုသောအခါ သင်တို့သည် ထာဝရဘုရားအားဘုရင်အဖြစ်မှပစ် ပယ်ကာသင်တို့ကိုအုပ်စိုးမည့်ဘုရင်ကို ခန့်ပေးရန်ငါ့ထံတွင်တောင်းဆိုကြ၏။
13. ``သင်တို့ရွေးချယ်သည့်ဘုရင်သည်ယခုသင် တို့ရှေ့မှောက်တွင်ရှိ၏။ သင်တို့တောင်းဆိုသည့် အတိုင်း ထာဝရဘုရားသည်သူ့ကိုဘုရင် အဖြစ်ချီးမြှောက်တော်မူလေပြီ။-
14. သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေစွာဝတ်ပြုကိုးကွယ် လျက် အမိန့်တော်များကိုမလွန်ဆန်ဘဲစကား တော်ကိုလိုက်နာ၍ သင်တို့၏ဘုရင်နှင့်အတူ ကိုယ်တော်၏ကျေးဇူးသစ္စာတော်ကိုစောင့်ထိန်း ကြလျှင်သင်တို့၏ဘဝသာယာလိမ့်မည်။-
15. ``သို့ရာတွင်သင်တို့သည်ထာဝရဘုရား ၏စကားကိုနားမထောင်ဘဲ အမိန့်တော်ကို လွန်ဆန်ကြပါလျှင် ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရင်အားဆန့်ကျင်ဘက် ပြုတော်မူလိမ့်မည်။-
16. သို့ဖြစ်၍သင်တို့သည်မိမိတို့ရှိရာအရပ် တွင်ရပ်နေကြလော့။ ထာဝရဘုရားပြ တော်မူမည့်တန်ခိုးတော်ကိုမြင်ရကြ လိမ့်မည်။-
17. ယခုအခါသည်ခြောက်သွေ့သောရာသီဖြစ် ၏။ သို့ရာတွင်ငါဆုတောင်းပတ္ထနာပြုလျှင် ထာဝရဘုရားသည်မိုးကိုထစ်ချုန်းစွာ ရွာသွန်းစေတော်မူလိမ့်မည်။ ထိုအခါဘုရင် ကိုသင်တို့တောင်းဆိုမိသည့်အပြစ်သည် အဘယ်မျှကြီးလေးကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုဆို၏။
18. ရှမွေလသည်ဆုတောင်းပတ္ထနာပြုသဖြင့်ထို နေ့၌ပင်လျှင် ထာဝရဘုရားသည်မိုးကိုထစ် ချုန်းစွာရွာသွန်းစေတော်မူ၏။ ထိုအခါလူ အပေါင်းတို့သည်ထာဝရဘုရားနှင့် ရှမွေလ အားကြောက်လန့်ကြသည်ဖြစ်၍၊-
19. ရှမွေလအား``အရှင်၊ အကျွန်ုပ်တို့မသေရလေ အောင် အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ကျွန်ုပ်တို့အဖို့ဆုတောင်းတော်မူပါ။ ကျွန်ုပ်တို့ သည်ရှင်ဘုရင်ကိုတောင်းသောကြောင့်အပြစ် များတို့အပေါ်မှာထပ်ဆင့်၍အပြစ်ကိုပြု မိပါပြီ'' ဟုဆို၏။
20. ရှမွေလက``မကြောက်ကြနှင့်။ သင်တို့သည် ဤသို့ဆိုးယုတ်သည့်အမှုကိုပြုခဲ့မိသော် လည်း ထာဝရဘုရားကိုမစွန့်ပယ်ကြနှင့်။ ကိုယ်တော်အားစိတ်နှလုံးအကြွင်းမဲ့ဝတ်ပြု ကိုးကွယ်ကြလော့။-
21. ဘုရားအတုအယောင်တို့နောက်သို့မလိုက်ကြ နှင့်။ ထိုဘုရားများသည်ဘုရားအစစ်မဟုတ် သဖြင့်သင်တို့အားကူမရန်သော်လည်းကောင်း၊ ကယ်တင်ရန်သော်လည်းကောင်းမတတ်နိုင်ကြ။-
22. ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။-