1. ထိုနောက်ရှမွေလသည် ဣသရေလအမျိုး သားတို့အား``ငါသည်သင်တို့တောင်းဆို သည့်အတိုင်းသင်တို့အားဘုရင်ကိုခန့် အပ်ပေးသဖြင့်၊-
2. ယခုသင်တို့သည်ခေါင်းဆောင်ကိုရရှိကြ လေပြီ။ ငါမူကားအသက်အရွယ်အိုမင်း ၍ဆံပင်ဖြူလျက်ရှိ၏။ ငါ၏သားများ သည်လည်းသင်တို့နှင့်အတူရှိနေကြ၏။ ငါသည်အသက်ငယ်စဉ်မှအစပြု၍ သင်တို့အားဦးစီးခေါင်းဆောင်ပြုခဲ့၏။-
3. ယခုငါရှိနေသေးစဉ်အကယ်၍ငါ့မှာ အပြစ်တစ်စုံတစ်ရာရှိပါက ဘုရားသခင် ၏ရှေ့တော်တွင်လည်းကောင်း၊ ကိုယ်တော်ဘိ သိက်ပေးတော်မူသည့်ဘုရင်၏ရှေ့တွင်လည်း ကောင်း သင်တို့သည်ယခုငါ့အားစွပ်စွဲဖော် ပြကြလော့။ ငါသည်အဘယ်သူ၏နွားကို ယူဖူးပါသနည်း။ အဘယ်သူ၏မြည်းကို မတရားသိမ်းယူဖူးပါသနည်း။ ငါသည် လူတစ်စုံတစ်ယောက်အားလိမ်လည်လှည့် စားမှုကိုသော်လည်းကောင်း၊ ညှင်းဆဲနှိပ် စက်မှုကိုသော်လည်းကောင်းပြုခဲ့ဖူးပါ သလော။ တံစိုးလက်ဆောင်ယူဖူးပါသ လော။ ဤအမှုတစ်ခုခုကိုပြုမိခဲ့သော် ငါသည်မိမိယူမိသည့်အရာကိုပြန် ၍ပေးလျော်ပါအံ့'' ဟုဆို၏။
4. လူတို့က``အရှင်သည်အကျွန်ုပ်တို့အားလိမ် လည်လှည့်စားမှုကိုသော်လည်းကောင်း၊ ညှဉ်း ဆဲနှိပ်စက်မှုကိုသော်လည်းကောင်းမပြုခဲ့ ပါ။ မည်သူ၏ပစ္စည်းဥစ္စာကိုမျှလည်းမယူ ခဲ့ဖူးပါ'' ဟုလျှောက်ကြ၏။
5. ရှမွေလက``ငါ၌လုံးဝအပြစ်မရှိကြောင်း သင်တို့တွေ့ရှိချက်ကိုထာဝရဘုရား သက်သေဖြစ်တော်မူ၏။ ကိုယ်တော်ဘိသိက် ပေးတော်မူသောဘုရင်သည်လည်းသက်သေ ဖြစ်တော်မူ၏'' ဟုဆိုလျှင်၊လူတို့က``မှန်ပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏သက်သေဖြစ်တော်မူပါ သည်'' ဟုဆိုကြ၏။
6. ရှမွေလသည်ဆက်လက်၍``မောရှေနှင့်အာရုန် တို့ကိုရွေးချယ်တော်မူသောသင်တို့၏ဘိုး ဘေးများအား အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောအရှင်ကားထာဝရ ဘုရားပင်ဖြစ်၏။-
7. သင်တို့သည်ယခုထ၍ရပ်ကြလော့။ ထာဝရ ဘုရား၏ရှေ့တော်တွင်သင်တို့ကိုငါပြစ်တင် စွပ်စွဲမည်။ ကိုယ်တော်သည်သင်တို့နှင့်ဘိုးဘေး တို့အား မဟာအမှုတော်များအားဖြင့်ကယ် ဆယ်တော်မူခဲ့ပုံကိုသတိရကြလော့။-
8. ယာကုပ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် အီဂျစ်ပြည်သို့သွားရောက်ကြသောအခါ အီဂျစ်အမျိုးသားတို့သည်သူတို့အား နှိပ်စက်ကလူပြုကြ၏။ ထိုအခါသင်တို့ ၏ဘိုးဘေးများသည် ထာဝရဘုရားအား ကယ်တော်မူရန်ဟစ်အော်တောင်းလျှောက် ကြသဖြင့် ကိုယ်တော်သည်မောရှေနှင့်အာရုန် တို့ကိုစေလွှတ်တော်မူ၏။ ထိုသူနှစ်ဦးတို့ သည်သင်တို့၏ဘိုးဘေးများအား အီဂျစ် ပြည်မှထုတ်ဆောင်ကာဤပြည်တွင်နေရာ ချထားပေးကြ၏။-
9. သို့ရာတွင်လူတို့သည်မိမိတို့အရှင်ထာ ဝရဘုရားအားမေ့လျော့သွားကြသဖြင့် ကိုယ်တော်သည်ဖိလိတ္တိအမျိုးသားများ အားလည်းကောင်း၊ မောဘဘုရင်နှင့်ဟာဇော် တပ်မှူးသိသရအားလည်းကောင်းသူတို့ ကိုတိုက်ခိုက်နှိမ်နင်းခွင့်ပြုတော်မူ၏။-
10. ထိုအခါသူတို့သည်ထာဝရဘုရားအား ကူမတော်မူရန် ဟစ်အော်လျက်`အကျွန်ုပ်တို့ သည်အပြစ်ကူးလွန်မိကြပါပြီ။ ထာဝရ ဘုရားကိုစွန့်ပယ်၍ဗာလဘုရားနှင့် အာရှ တရက်ဘုရားမတို့၏ရုပ်တုများကိုဝတ် ပြုရှိခိုးခဲ့ကြပါပြီ။ အကျွန်ုပ်တို့အားရန် သူများ၏လက်မှကယ်တော်မူပါ။ အကျွန်ုပ် တို့သည်ကိုယ်တော်ကိုဝတ်ပြုကိုးကွယ်ပါ မည်' ဟုလျှောက်ထားကြ၏။-
11. ထို့ကြောင့်ထာဝရဘုရားသည်ဂိဒေါင်၊ ထို နောက်ဗာရက်၊ ထိုနောက်ယေဖသ၊ နောက်ဆုံး ၌ငါ့အားစေလွှတ်တော်မူ၏။ ငါတို့အသီး သီးသည်သင်တို့အားရန်သူများလက်မှ ကယ်ခဲ့ကြသဖြင့် သင်တို့သည်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြ၏။-
12. သို့ရာတွင်သင်တို့အားအမ္မုန်ဘုရင်နာဟတ် ကတိုက်ခိုက်မည်ပြုသောအခါ သင်တို့သည် ထာဝရဘုရားအားဘုရင်အဖြစ်မှပစ် ပယ်ကာသင်တို့ကိုအုပ်စိုးမည့်ဘုရင်ကို ခန့်ပေးရန်ငါ့ထံတွင်တောင်းဆိုကြ၏။
13. ``သင်တို့ရွေးချယ်သည့်ဘုရင်သည်ယခုသင် တို့ရှေ့မှောက်တွင်ရှိ၏။ သင်တို့တောင်းဆိုသည့် အတိုင်း ထာဝရဘုရားသည်သူ့ကိုဘုရင် အဖြစ်ချီးမြှောက်တော်မူလေပြီ။-