1. နောက်တစ်လခန့်ကြာသောအခါ အမ္မုန်ဘုရင် နာဟတ်သည်စစ်သည်အလုံးအရင်းနှင့်ဂိလဒ် ပြည်ယာဗက်မြို့သို့ချီတက်လာ၏။ သူတို့သည် မြို့ကိုဝိုင်းရံထားသဖြင့် ယာဗက်မြို့သားတို့ ကနာဟတ်အား``အကျွန်ုပ်တို့နှင့်မဟာမိတ် စာချုပ်ချုပ်ဆိုပါက အကျွန်ုပ်တို့သည်အရှင် ၏သစ္စာတော်ကိုခံယူပါမည်'' ဟုလျှောက် ထားကြ၏။
2. နာဟတ်က``ဣသရေလအမျိုးသားတစ် ရပ်လုံးအသရေပျက်စေရန် သင်တို့၏ညာ မျက်စိရှိသမျှကိုဖောက်ပစ်ခွင့်ပေးမှသာ ငါသည်သင်တို့နှင့်မဟာမိတ်စာချုပ်ချုပ် ဆိုနိုင်မည်'' ဟုဆို၏။
3. ယာဗက်မြို့သားခေါင်းဆောင်များက``ဣသရေလ ပြည်တစ်လျှောက်လုံးသို့တမန်များစေလွှတ်၍ သတင်းပေးပို့နိုင်ရန်အကျွန်ုပ်တို့အားခုနစ် ရက်မျှအခွင့်ပေးပါ။ အကယ်၍အကျွန်ုပ်တို့ အားကူမမည့်သူမရှိပါကအရှင့်ထံတွင် အညံ့ခံပါမည်'' ဟုလျှောက်ကြ၏။
4. စေတမန်တို့သည်ရှောလုနေထိုင်ရာဂိဗာ မြို့သို့ရောက်ရှိလာလျက် ထိုသတင်းကိုပြော ကြားကြသောအခါ လူတို့သည်စိတ်ပျက် အားလျော့လျက်ငိုကြွေးကြကုန်၏။-