၁ ရာ 11:1-2 Common Language Bible (BCL)

1. နောက်​တစ်​လ​ခန့်​ကြာ​သော​အ​ခါ အမ္မုန်​ဘု​ရင် နာ​ဟတ်​သည်​စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​ဂိ​လဒ် ပြည်​ယာ​ဗက်​မြို့​သို့​ချီ​တက်​လာ​၏။ သူ​တို့​သည် မြို့​ကို​ဝိုင်း​ရံ​ထား​သ​ဖြင့် ယာ​ဗက်​မြို့​သား​တို့ က​နာ​ဟတ်​အား``အ​ကျွန်ုပ်​တို့​နှင့်​မ​ဟာ​မိတ် စာ​ချုပ်​ချုပ်​ဆို​ပါ​က အ​ကျွန်ုပ်​တို့​သည်​အ​ရှင် ၏​သစ္စာ​တော်​ကို​ခံ​ယူ​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။

2. နာ​ဟတ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တစ် ရပ်​လုံး​အ​သ​ရေ​ပျက်​စေ​ရန် သင်​တို့​၏​ညာ မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်​ပစ်​ခွင့်​ပေး​မှ​သာ ငါ​သည်​သင်​တို့​နှင့်​မ​ဟာ​မိတ်​စာ​ချုပ်​ချုပ် ဆို​နိုင်​မည်'' ဟု​ဆို​၏။

၁ ရာ 11