14. ရှောလု၏ဦးလေးသည်ရှောလုနှင့်အစေခံ ကိုမြင်လျှင် ``သင်တို့အဘယ်အရပ်မှပြန် လာကြသနည်း'' ဟုမေး၏။ရှောလုက``မြည်းများကိုရှာဖွေရာမှဖြစ် ပါသည်။ အကျွန်ုပ်တို့သည်မြည်းများကိုရှာ မတွေ့သဖြင့် ရှမွေလထံကိုသွားရောက်ခဲ့ ကြပါသည်'' ဟုပြန်လည်ဖြေကြား၏။
15. ``သူသည်သင်တို့အား အဘယ်သို့ပြော လိုက်ပါသနည်း'' ဟုဦးလေးကမေး ပြန်သော်၊
16. ရှောလုက``မြည်းများကိုပြန်၍တွေ့ပြီ ဖြစ်ကြောင်း အကျွန်ုပ်တို့အားပြောကြား လိုက်ပါသည်'' ဟုဆို၏။ သို့ရာတွင်ရှမွေလ မိန့်မြွက်သည့်နိုင်ငံရေးအကြောင်းကိုမူ ဦးလေးအားမပြောဘဲနေ၏။
17. ရှမွေလသည်လူတို့အားမိဇပါမြို့တွင် ထာဝရဘုရားထံတော်သို့ခေါ်ယူစုရုံး စေပြီးလျှင်၊-
18. ဤသို့ဆို၏။ ``ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ ကိုအီဂျစ်ပြည်မှငါထုတ်ဆောင်၍ သင်တို့ အားနှိပ်စက်ကလူပြုသောအီဂျစ်အမျိုး သားများနှင့်အခြားအမျိုးသားအပေါင်း တို့၏ဘေးမှကယ်ဆယ်တော်မူခဲ့သည်။-
19. ငါသည်သင်တို့၏ဘုရား၊ ဆင်းရဲဒုက္ခများ နှင့်အခက်အခဲများမှသင်တို့ကိုကယ် တော်မူသောဘုရားဖြစ်တော်မူ၏။ သို့ရာ တွင်သင်တို့သည်ငါ့ကိုပစ်ပယ်ကာငါ၏ ထံမှဘုရင်ကိုတောင်းခံခဲ့ကြ၏။ ကောင်း ပြီ။ သင်တို့သည်ထာဝရဘုရား၏ရှေ့ တော်၌အနွယ်အလိုက်၊ သားချင်းစုအလိုက် စုရုံးကြလော့' ဟုမိန့်တော်မူသည်။''
20. ထိုနောက်ရှမွေလသည်အနွယ်တို့ကိုတစ် စုပြီးတစ်စု ရှေ့သို့လာရောက်စေပြီးလျှင် မဲချ၍ ဗင်္ယာမိန်အနွယ်ကိုရွေးချယ်၏။-
21. ထိုနောက်ရှမွေလသည်ဗင်္ယာမိန်အနွယ်ဝင် အိမ်ထောင်စုများကို ရှေ့သို့လာရောက်စေ သောအခါမာတရိအိမ်ထောင်စုသည် အရွေးခံရ၏။ ထိုနောက်မာတရိအိမ်ထောင် စုမှအမျိုးသားတို့သည်ရှေ့သို့ထွက်၍ လာကြလျှင် ကိရှ၏သားရှောလုသည် အရွေးခံရ၏။ သို့ရာတွင်သူ့ကိုရှာ၍ မတွေ့ကြသောအခါ၊-