၁ ရာ 10:11-16 Common Language Bible (BCL)

11. သူ့​အား​ယ​ခင်​က​သိ​ရှိ​ခဲ့​ကြ​သော​လူ တို့​သည် ရှော​လု​ဤ​သို့​က​ခုန်​ဟစ်​အော်​နေ သည်​ကို​မြင်​လျှင်``ကိ​ရှ​၏​သား​ကား​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟု အ​ချင်း​ချင်း​ပြော​ဆို​မေး​မြန်း​ကြ​၏။-

12. ထို​အ​ရပ်​သား​တစ်​ဦး​က``အ​ခြား​ပ​ရော ဖက်​တို့​၏​ဖ​ခင်​များ​ကား​မည်​သူ​တို့​နည်း'' ဟု​ဆို​၏။ ဤ​သို့​လျှင်``ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟူ​သော ဆို​ရိုး​စ​ကား​စ​တင်​ပေါ်​ပေါက်​လာ သ​တည်း။-

13. က​ခုန်​ဟစ်​အော်​ပြီး​သော​အ​ခါ​ရှော​လု သည်​တောင်​ကုန်း​ပေါ်​ရှိ​ယဇ်​ပလ္လင်​သို့​ထွက် ခွာ​သွား​၏။

14. ရှော​လု​၏​ဦး​လေး​သည်​ရှော​လု​နှင့်​အ​စေ​ခံ ကို​မြင်​လျှင် ``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​ပြန် လာ​ကြ​သ​နည်း'' ဟု​မေး​၏။ရှော​လု​က``မြည်း​များ​ကို​ရှာ​ဖွေ​ရာ​မှ​ဖြစ် ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​မြည်း​များ​ကို​ရှာ မ​တွေ့​သ​ဖြင့် ရှ​မွေ​လ​ထံ​ကို​သွား​ရောက်​ခဲ့ ကြ​ပါ​သည်'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။

15. ``သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​ပြော လိုက်​ပါ​သ​နည်း'' ဟု​ဦး​လေး​က​မေး ပြန်​သော်၊

16. ရှော​လု​က``မြည်း​များ​ကို​ပြန်​၍​တွေ့​ပြီ ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​အား​ပြော​ကြား လိုက်​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ရှ​မွေ​လ မိန့်​မြွက်​သည့်​နိုင်​ငံ​ရေး​အ​ကြောင်း​ကို​မူ ဦး​လေး​အား​မ​ပြော​ဘဲ​နေ​၏။

၁ ရာ 10