11. သူ့အားယခင်ကသိရှိခဲ့ကြသောလူ တို့သည် ရှောလုဤသို့ကခုန်ဟစ်အော်နေ သည်ကိုမြင်လျှင်``ကိရှ၏သားကားအဘယ် သို့ဖြစ်လေပြီနည်း။ ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟု အချင်းချင်းပြောဆိုမေးမြန်းကြ၏။-
12. ထိုအရပ်သားတစ်ဦးက``အခြားပရော ဖက်တို့၏ဖခင်များကားမည်သူတို့နည်း'' ဟုဆို၏။ ဤသို့လျှင်``ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟူသော ဆိုရိုးစကားစတင်ပေါ်ပေါက်လာ သတည်း။-
13. ကခုန်ဟစ်အော်ပြီးသောအခါရှောလု သည်တောင်ကုန်းပေါ်ရှိယဇ်ပလ္လင်သို့ထွက် ခွာသွား၏။