12. ဟန္နသည်အချိန်ကြာမြင့်စွာဆိတ်ဆိတ်ဆု တောင်းပတ္ထနာပြု၏။ ဧလိသည်သူ၏နှုတ် ကိုကြည့်ရှုလျက်နေ၏။-
13. ဟန္နသည်ဆိတ်ဆိတ်ဆုတောင်းပတ္ထနာပြု၍နေ သဖြင့် သူ၏နှုတ်ခမ်းတို့သည်လှုပ်ရှားလျက်ရှိ သော်လည်းအသံကားမထွက်။ သို့ဖြစ်၍သူ့ အားအရက်မူးသည်ဟုထင်မှတ်သဖြင့်၊-
14. ဧလိက``သင်သည်အဘယ်မျှကြာအရက်မူး လျက်နေပါသနည်း။ အရက်ကိုကြဉ်ရှောင် လော့'' ဟုဆို၏။