1. ဧဖရိမ်တောင်ကုန်းဒေသရှိရာမမြို့တွင် ဧလကာနဟုနာမည်တွင်သောလူတစ် ယောက်ရှိ၏။ သူသည်ဧဖရိမ်အနွယ်ဝင်ဖြစ် ၍အဖမှာယေရောဟံ၊ အဖိုးကားဧလိ ဖြစ်၏။ သူသည်ဇုဖသားချင်းစု၊ တောဟူ အိမ်ထောင်စုဝင်ဖြစ်သတည်း။-
2. ဧလကာနတွင်ဟန္နနှင့်ပေနိန္နဟူသောမယား နှစ်ယောက်ရှိ၏။ ပေနိန္နတွင်သားသမီးများရှိ ၍ဟန္နမှာမရှိချေ။-
3. ဧလကာနသည်အနန္တတန်ခိုးရှင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရန် ရာမမြို့မှ ရှိလောမြို့သို့နှစ်စဉ်နှစ်တိုင်းသွားရောက်၏။ ထိုမြို့တွင်ဧလိ၏သားများဖြစ်ကြသော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရ ဘုရား၏ယဇ်ပုရောဟိတ်များအဖြစ်ဖြင့် ဆောင်ရွက်လျက်ရှိကြ၏။-
4. ဧလကာနသည်ယဇ်ပူဇော်သည့်အခါ ပေနိန္န နှင့်သားသမီးတို့အားဝေစုတစ်စုစီခွဲဝေ ပေး၏။-