11. ချစ်ဆွေတို့၊ ဘုရားသခင်သည်ငါတို့အား ဤမျှချစ်တော်မူလျှင်ငါတို့သည်အချင်း ချင်းချစ်သင့်ကြ၏။-
12. အဘယ်သူမျှဘုရားသခင်ကိုမတွေ့မမြင် စဖူး။ သို့ရာတွင်ငါတို့သည်အချင်းချင်းချစ် ကြပါမူ ဘုရားသခင်သည်ငါတို့နှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည်ငါတို့၌ပြည့်ဝစုံလင်ပြီ။
13. ကိုယ်တော်သည်ငါတို့အားဝိညာဉ်တော်ကို ပေးတော်မူသောကြောင့် ငါတို့သည်ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းရှိ၍ကိုယ်တော်သည်လည်း ငါတို့နှင့်တစ်လုံးတစ်ဝတည်းရှိတော်မူ ကြောင်းငါတို့သေချာစွာသိကြ၏။-
14. ခမည်းတော်သည်သားတော်အားလောကကို ကယ်တင်ရန်စေလွှတ်တော်မူကြောင်းကို ငါ တို့တွေ့မြင်ရ၍သက်သေခံကြ၏။-