၁ ယော 3:7-21 Common Language Bible (BCL)

7. သား​သ​မီး​တို့၊ အ​ဘယ်​သူ​မျှ​သင်​တို့​အား မှောက်​မှား​လမ်း​လွဲ​အောင်​မ​ပြု​စေ​နှင့်။ ခ​ရစ်​တော် သည်​ဖြောင့်​မတ်​တော်​မူ​သ​ကဲ့​သို့ အ​မှန်​တ​ရား​ကို ကျင့်​သုံး​သူ​သည်​လည်း​ဖြောင့်​မတ်​သူ​ဖြစ်​၏။-

8. အြုပစ်​တ​ရား​ကို​ကျင့်​သုံး​သူ​သည်​မာရ်​နတ် ၏​ဘက်​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် မာရ်​နတ်​သည် မူ​လ​အ​စ​က​တည်း​က​ပင်​လျှင် အ​ပြစ်​ကူး​သူ​ဖြစ်​သော​ကြောင့်​တည်း။ ဘု​ရား သ​ခင်​၏​သား​တော်​ပေါ်​ထွန်း​တော်​မူ​သည့် အ​ကြောင်း​မှာ မာရ်​နတ်​ပြု​ခဲ့​သည့်​အ​မှု​ကို ချေ​ဖျက်​ရန်​ပင်​ဖြစ်​ပေ​သည်။

9. ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​လာ​သူ​သည် အ​ပြစ်​မ​ကူး​တတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို သူ​၌​ဘု​ရား​သ​ခင်​၏​ဇာ​တိ​သ​ဘော​ပါ​ရှိ သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဒု​စ​ရိုက် မ​ပြု​နိုင်။-

10. ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား​သ​မီး များ​နှင့်​မာရ်​နတ်​၏​သား​သ​မီး​ကွာ​ခြား​ပုံ​ကို သိ​ရ​၏။ အ​မှန်​တ​ရား​ကို​မ​ကျင့်​သုံး​သူ၊ ညီ အစ်​ကို​ကို​မ​ချစ်​သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​မ​ဟုတ်။

11. ``ငါ​တို့​သည်​အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်'' ဟူ သော​တ​ရား​တော်​ကို​ရှေး​မ​ဆွ​က​ပင်​လျှင် သင်​တို့​ကြား​နာ​ခဲ့​ရ​ကြ​၏။-

12. မာရ်​နတ်​၏​ဘက်​သား​ဖြစ်​၍​မိ​မိ​၏​ညီ​အာ​ဗေ​လ ကို​သတ်​သူ​ကာ​ဣ​န​ကဲ့​သို့ ငါ​တို့​မ​ဖြစ်​စေ​ကြ နှင့်။ ကာ​ဣ​န​သည်​မိ​မိ​၏​ညီ​ကို​အ​ဘယ်​ကြောင့် သတ်​သ​နည်း။ သူ​၏​အ​ကျင့်​သည်​ဆိုး​ယုတ်​၍ သူ့ ညီ​၏​အ​ကျင့်​မူ​ကား​ဖြောင့်​မှန်​သော​ကြောင့် ဖြစ်​၏။

13. သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ လော​က​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​လျှင်​မ​အံ့​သြ​ကြ​နှင့်။-

14. ငါ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​များ​ကို​ချစ် သည့်​အ​တွက်​ကြောင့် သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း သို့​ကူး​မြောက်​ခဲ့​ရ​ကြ​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။ မိ​မိ​၏​ညီ​အစ်​ကို​ကို​မ​ချစ်​သော​သူ သည်​သူ​သေ​ဘ​ဝ​၌​ပင်​ရှိ​နေ​သေး​၏။-

15. မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​သူ သတ်​သ​မား​ဖြစ်​၏။ သူ​သတ်​သ​မား​သည် ထာ​ဝ​ရ​အ​သက်​ကို​မ​ရ​ကြောင်း​သင်​တို့ သိ​ကြ​၏။-

16. ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သက်​တော် ကို​စွန့်​တော်​မူ​သော​ကြောင့်​မေတ္တာ​အ​ကြောင်း ကို​ငါ​တို့​သိ​ရ​ကြ​၏။ ငါ​တို့​သည်​လည်း​မိ​မိ တို့​၏​ညီ​အစ်​ကို​များ​အ​တွက်​အ​သက်​စွန့် သင့်​ကြ​ပေ​သည်။-

17. လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​ဖြစ်​ပါ​လျက် မိ​မိ​၏​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​ချို့​တဲ့​မှု ကို​မြင်​သော​အ​ခါ က​ရု​ဏာ​စိတ်​မ​ရှိ​သူ​တွင် အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော် ကိန်း​အောင်း​နိုင်​မည်​နည်း။-

18. သား​သ​မီး​တို့၊ ငါ​တို့​၏​မေတ္တာ​သည်​နှုတ်​ဖျား ၌​သာ​တည်​သော​မေတ္တာ​မ​ဖြစ်​သင့်။ လက်​တွေ့​အား ဖြင့်​ဖော်​ပြ​ထား​သော​မေတ္တာ​စစ်​မေတ္တာ​မှန်​ဖြစ် ရ​မည်။

19. သို့​ဖြစ်​၍​ဤ​နည်း​အား​ဖြင့်​ငါ​တို့​သည်​သမ္မာ တရား​နှင့်​ဆိုင်​သူ​များ​ဖြစ်​ကြောင်း​သိ​ရှိ​နိုင် မည်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင်​လည်း စိတ်​ချ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-

20. မိ​မိ​တို့​သြတ္တပ္ပ​စိတ်​၏​ပြစ်တင်​ရှုတ်​ချ​မှု​ကို ခံ​ရ​သော​အ​ခါ​၌​လည်း ဘု​ရား​သ​ခင်​သည် ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထက်​ကြီး​မြတ်​တော်​မူ ကြောင်း၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း ကို​သိ​တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

21. သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ ငါ​တို့​၏​သြတ္တ​ပ္ပ​စိတ် က​ငါ​တို့​အား​ပြစ်​တင်​ရှုတ်​ချ​မှု​မ​ပြု​လျှင် ငါ​တို့​သည်​ဘု​ရား​သ​ခင်​ထံ​တော်​၌​ရဲ​ဝံ့ ခွင့်​ရ​ရှိ​ကြ​၏။-

၁ ယော 3