၁ ယော 2:2-14 Common Language Bible (BCL)

2. ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ပြစ်​များ​သာ​မ​က ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​၏​အြုပစ်​ပြေ ရာ​ပြေ​ကြောင်း​ပူ​ဇော်​ဆက်​ကပ်​တော်​မူ​သော အရှင်​ဖြစ်​တော်​မူ​၏။

3. ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း မှ​သာ​လျှင်​ငါ​တို့​သည်​ကိုယ်​တော်​ကို​သိ​ကျွမ်း သူ​များ​ဖြစ်​ကြောင်း​အ​သေ​အ​ချာ​သိ​ရှိ နိုင်​မည်။-

4. ကိုယ်​တော်​ကို​သိ​ပါ​သည်​ဟု​ဆို​ပြီး​လျှင် ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း​သူ​သည် လူ​လိမ်​ဖြစ်​၍​ထို​သူ​၌​သစ္စာ​တ​ရား​မ​ရှိ။-

7. ချစ်​ဆွေ​တို့၊ သင်​တို့​ထံ​သို့​ငါ​စာ​ရေး​သား ဖော်​ပြ​နေ​သည့်​ပ​ညတ်​သည်​အ​သစ်​မ​ဟုတ်။ အ​စ​မူ​လ​က​တည်း​က​သင်​တို့​ရ​ရှိ​ထား ကြ​သည့်​ပ​ညတ်​ဟောင်း​ဖြစ်​၏။ ထို​ပ​ညတ် ဟောင်း​ကား သင်​တို့​ကြား​နာ​ခဲ့​ရ​သည့် တ​ရား​တော်​ပင်​ဖြစ်​ပေ​သည်။-

8. သို့​သော်​သင်​တို့​အား​ယ​ခု​ငါ​ရေး​သား ဖော်​ပြ​သည့်​ပ​ညတ်​သည်​အ​သစ်​ဖြစ်​၏။ ယင်း သို့​အ​မှန်​ပင်​အ​သစ်​ဖြစ်​ကြောင်း​ခ​ရစ်​တော် ၌​လည်း​ကောင်း၊ သင်​တို့​၌​လည်း​ကောင်း​ဖော်​ပြ လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​မှောင် သည်​ရွေ့​လျား​လျက်​အ​လင်း​စစ်​အ​လင်း​မှန် ပေါ်​ထွန်း​လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။

9. အ​လင်း​တွင်​ကျင်​လည်​ပါ​သည်​ဟု​ဆို​လျက် မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ယ​ခု တိုင်​အောင်​အ​မှောင်​တွင်​ကျင်​လည်​နေ​သေး​သူ ဖြစ်​၏။-

10. ညီ​အစ်​ကို​ကို​ချစ်​သော​သူ​သည်​အ​လင်း​တွင် ကျင်​လည်​သော​သူ​ဖြစ်​၏။ သူ​သည်​အ​ဘယ်​သို့ မျှ​သူ​တစ်​ပါး​တို့​အား​အ​ပြစ်​ကူး​လွန်​စေ လိမ့်​မည်​မ​ဟုတ်။-

11. သို့​ရာ​တွင်​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ကား​အ​မှောင်​တွင်​ကျင်​လည်​သူ​ဖြစ်​၏။ အ​မှောင် တွင်​ကျင်​လည်​၍​မျက်​စိ​မ​မြင်​နိုင်​သ​ဖြင့်​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။

12. သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​ရစ်​တော်​အ​တွက် ကြောင့်​အ​ပြစ်​လွတ်​ပြီ​ဖြစ်​၍​သင်​တို့​ထံ​ငါ စာ​ရေး​လိုက်​၏။-

13. အ​ဖ​တို့၊ သင်​တို့​သည်​အ​စ​က​ပင်​ရှိ​တော်​မူ သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။ လူ​ငယ် လူ​ရွယ်​တို့၊ သင်​တို့​သည်​မာရ်​နတ်​ကို​အောင် သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။

14. သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​မည်း​တော် ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့်​သင်​တို့​ထံ​သို့ ငါ​စာ​ရေး​လိုက်​၏။ သင်​တို့​သည်​အ​စ​က​ပင် ရှိ​တော်​မူ​သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ် သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက် ၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည်​ခွန်​အား ရှိ​၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​တွင်​ကိန်း​အောင်း​လျက်၊ မာရ်​နတ်​ကို အောင်​သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး လိုက်​၏။

၁ ယော 2